Name Of Love ❤
Page (2)
ရှေ့မကြည့်နောက်မကြည့် ရဲလက်မှလွတ်ရင်ပြီးရောဆိုသည့် အတွေးဖြင့် ပြေးလာလိုက်လေရာ ဆိုင်တစ်ဆိုင်ရဲ့ အနောက်ဖက်ခြမ်း သို့ရောက်လာခဲ့လေသည်
လမ်းထောင့်တစ်နေရာဖြစ်နေသောကြောင့် ပြေးစရာလမ်းပေါက်ဆက်မရှိတော့ဘဲ ပိတ် နေမိလေရာ ဘေးပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့် လျှောက်ကြည့်လိုက်လေသည် လူလည်းမရပ်မနားပြေးလာရတာကြောင့် မောဟိုက်နေလေရာ တွေ့တဲ့နေရာ အနည်းငယ်ပွင့်ဟနေသောတံခါး တစ်ခုထဲသို့အမြန်အဆန်ဆွဲဝင်လိုက်လေသည် ထိုအချိန် "ဘုတ်"ဆိုပြီးအထုပ်ပြုတ်ကျသံ ကြားရာဘက်သို့အလန့်တကြားလှည့်ကြည့်လိုက်လေရာကြောင်တောင်တောင်ဖြင့်ကောင်မလေးတစ်ယောက်ရပ်နေလေသည် သူလည်း သူမကိုကြောင်ကြည့် နေမိလေသော်လည်း မီးရောင်ဖျော့ဖျော့အောက်တွင်ဝိုးတဝါးလေးသာသူမကိုမြင်ရလေသည် သူမလည်းစကားတစ်ခွန်းမှမပြောပဲသူကိုပဲမျက်တောင်မခတ်ကြည့်နေလေသည်Taishi - ဟို... ဟို... ငါ ...
ဒုန်းးးးးးဒုန်းးးးး ဆိုပြီးတံခါးခေါက်သံကြားရလေရာသူမအကြည့်လွှဲလိုက်ပြီးတံခါးရှိရာသို့လျှောက်သွားလိုက်လေသည် သူကတော့ထိုနေရာမှာ အသာလေးပုန်းနေလိုက်လေသည် ရင်ထဲမှာတော့ ရဲတွေများလား?! တကယ်ရဲတွေမှန်နေရင်သူမကသူရှိနေတာများ ပြောလိုက်မလား?! အဲ့လိုသာဆို သူ့အဖေနဲ့သူ အကြီးကျယ် ဇယားရှင်းရလိမ့်မယ် ဆိုပြီးစိုးရိမ်စိတ်တွေနဲ့ ထိတ်လန့်တုန်လှုပ်မိနေလေသည်
"မဂ်လာပါ ညကြီး အချိန်မတော်နှောက်ယှက်မိတဲ့ အတွက် ခွင့်လွှတ်ပါ ဒီနားကိုများ လူတစ်ယောက်ယောက်ပြေး လာတာတွေ့မိသေးလား? "
သူမ သူရှိရာသို့တစ်ချက်လှည့်ကြည့်လိုက်လေသည် သူလဲစိတ်ထဲတွင် ဗုံးပေါက်နေလေသည် သူများပြောလိုက်တော့မှာလား? အဖမ်းပဲခံရတော့မလား? အတွေးပေါင်းစုံ ဖြင့်သူမကိုသာကုတ်ချောင်းချောင်းဖြင့်ကြည့် နေမိလေသည်
Ai - ဟင့် မတွေ့မိဘူး !
"သေချာရဲ့လား? တစ်ယောက်ယောက်တောင် မတွေ့ဘူးလား? ကျွန်တော် တို့တရားမဝင်ကား မောင်းတဲ့သူတွေကို ညအချိန်မတော် နှောက်ယှက်မူနဲ့လိုက်ဖမ်းနေလို့ပါ"
YOU ARE READING
Name of Love ❤ (အချစ်၏နာမည်) [ Completed ]
Romanceကိုယ်ကိုကိုယ် ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...