❤ Page (19) ❤

930 55 0
                                    

Name Of Love ❤

Page (19)

သူမက သူ့အား တစ်ခုခုမေးချင်နေတဲ့ အကြည့်နဲ့ကြည့်နေသောကြောင့် စကားကိုဆက်ပြောလိုက်လေသည်

Taishi - ဟုတ်တယ် Ai မင်းအကြောင်းတွေ ကိုယ်အကုန်သိပြီးပြီ

Ai - အကုန် !?

Taishi - ဟုတ်တယ် ဒါပေမယ့် မင်းသိလား?! မင်းက တကယ့်လူဆိုးမလေးပဲ ကိုယ့်စိတ်ထဲမှာ မင်းက အချိန်
ပြည့် နေရာယူထားတော့ ကိုယ်ကဘယ်လိုလုပ်အိပ်လို့ရတော့မှာလဲ ?

သူ့အပြောကြောင့် သူမအနည်းငယ် ရယ်မိလိုက်ပြီး သူ့အားပြန်ဖြေလိုက်လေသည်

Ai - ဘယ်သူကယူထားလို့လဲ? အိပ်လို့မရရင် ကိုယ့်ဟာကိုအိပ်ဆေးသောက်ပြီး အိပ်ပါလား?

Taishi - အဲ့လိုလုပ်လိုက်ရမလား? အဲ့ဒါလဲကောင်းပါတယ်လေ ဆေးတွေအများကြီးသောက်ပြီး မင်းနဲ့အတူလိုက်ခဲ့လိုက်မယ်လေ

Ai - အစ်ကို အဲ့ဒီလိုမပြောပါနဲ့ Ai နဲ့ အတူ အစ်ကို့ကို ပေးမလိုက်နိုင်ပါဘူး

သူမအဲ့လို့ပြောပြီး အနည်းငယ် မျက်ရည်စများ ကျလာသောကြောင့် လက်ကလေးဖြင့် ပွတ်သပ်ပြီးသုတ်လိုက်လေသည် သူမရဲ့အပြုအမူကိုကြည့်နေရင်း​နဲ့ သူ့စိတ်ထဲတွင်လဲ သူမနဲ့မခွဲချင်တာတော့ အမှန်ပင်

Taishi - Ai ကိုယ်ကိုဘာလို့ဖုံးကွယ်ခဲ့တာလဲ ?
မင်းမှာဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလေ

Ai - အခု အစ်ကိုအကုန်လုံး သိပြီးသွားပြီပဲ
Ai ကိုဘာလို့လာမေးနေရသေးလဲ ?

Taishi - Ai ကိုယ် အခုနက
ပြောလိုက်တဲ့အထဲမှာ မင်းအကြောင်းတွေ အကုန်သိပြီးပြီလို့ ပြောလိုက်တယ်လေ

သူဘာပြောချင်နေတာလဲဆိုတာကို သူမ နားမလည်သောအကြည့်ဖြင့်ကြည့်ကာ …

Ai - ဘာကိုပြောတာလဲ ?!

Taishi - မင်းအကြောင်းတွေဆိုတာ မင်းကိုယ့်ကို ချစ်နေတဲ့ အကြောင်းလဲပါတယ်

သူမ့မျက်နှာ အနားသို့ကပ်ကာ တိုးတိုးလေး ထို့စကားကိုပြောလိုက်လေရာ သူမလဲ တစ်ခုခုဝှက်ထားတာကို တစ်ယောက်ယောက်က သိသွားသလိုမျိုး အကြည့်ဖြင့် ပြန်ကြည့်ကာ ရှက်ရမ်းရမ်းသွားပြီး သူ့အား တုန်လှုပ်စွာဖြင့် ပြန်ပြောလိုက်လေသည်

Name of Love ❤ (အချစ်၏နာမည်) [ Completed ] Unde poveștirile trăiesc. Descoperă acum