Name Of Love ❤
Page (22)
ညနေ ၁နာရီ ၁၇မိနစ်အချိန်တွင် အိမ်တစ်အိမ်ရှိ ကော်ဖီခြံတစ်ခုသို့ အသက် ၉နှစ်ခွဲအရွယ် ကောင်မလေးတစ်ယောက် ကျောပိုးအိတ်ကလေးကိုလွယ်ကာ သူမရဲ့ အကျီတွင်လဲ ပေပွညစ်ပေနေပြီး မျက်နှာလေးမှာလဲ ငိုထားသောကြောင့် မျက်လုံးလေးများနီရဲနေပြီး နှာခေါင်းလေးတရှုပ်ရှုပ်ဖြင့် ထို့ခြံလေးအထဲတွင် အလုပ်လုပ်နေသော အဘိုးဖြစ်သူအား အပြေးအလွှား လှမ်းဖက်လိုက်လေသည်
"Ai ဘာဖြစ်လာတာလဲ ?!"
Ai - အဘိုး သမီးကိုလေ ကျောင်းကသူငယ်ချင်းတွေက
ဝိုင်းပြီးအနိုင့်ကျင့်ကြတယ် ပြီးတော့ သူတို့မိဘတွေကလည်းအော်ဟောက်ပြီး သမီးကို ရောဂါပိုးရှိတဲ့သူမို့လို့ဆိုပြီး အဝေးကိုမောင်းထုတ်ကြတယ် သမီးလည်း သူတို့ကိုဘာမှမလုပ်ဘဲနဲ့ သမီးကို ဆူကြတယ်"ကဲ ဘာမှမဖြစ်တော့ပါဘူး မငိုနဲ့ တိတ်တော့နော် အခု အဘိုးက သမီးအနားမှာရှိနေပြီပဲ မငိုနဲ့တော့နော် -
အွန်းး ဘယ်ဆိုးလို့လဲ အဘိုးရဲ့မြေးလေးက
သတ္တိရှိသားပဲ "Ai - အွန်းးး ဘာကိုလဲ? အဘိုး
"မဟုတ်ဘူးလား? သူတို့တွေက ဒီလောက် အော်ဟစ်ပြောဆိုပြီး အနိုင့်ကျင့်နေတာတောင် သမီးကသူတို့ကိုဘာမှပြန်မလုပ်ပဲ သည်းခံပေးခဲ့တာလေ အဲ့ဒါမျိုးကိုသတ္တိရှိတယ်လို့ခေါ်တယ် "
Ai - ဒါပေမဲ့ သမီးကြောက်တယ် သမီးကိုဝိုင်းပြီး ပြောဆိုနေကြတာ သမီးအရမ်းအားငယ်တယ် ငိုလည်းငိုချင်တယ် သမီး သူတိုကို ဘာအမှားလုပ်ခဲ့လို့လဲ သမီး ဆရာမစကားလဲနားထောင်တယ် သူငယ်ချင်းတွေနဲ့လဲမပေါင်းဘူး တခြားသူတွေ အနားလဲမကပ်ပါဘူး အိမ်စာတွေလဲလုပ်ပါတယ် လိမ်မာအောင်လဲနေပါတယ် ဘာလို့သမီးကိုပဲ ဆူနေကြတာလဲ ? သမီးကမလိမ်မာလို့လား ? အဘိုး
"အဲ့လိုမဟုတ်ပါဘူး Ai လေးက အမြဲလိမ်မာတဲ့ကလေးလေးပါ သမီးကမလိမ်မာလို့မဟုတ်ပါဘူး အဘိုးတို့ဆီမှာကော်ဖီခြံရှိတော့ သူတို့က သမီးဆီကနေကော်ဖီသောက်ချင်ကြလို့ အဲ့လိုတွေပြောနေကြတာပါ "
Ai - ကော်ဖီ! ဘာလို့သူတို့ကသမီးဆီကကော်ဖီကို
သောက်ချင်ကြရတာလဲ? သမီးမှ ကော်ဖီမဖျော်တတ်တာကို
BẠN ĐANG ĐỌC
Name of Love ❤ (အချစ်၏နာမည်) [ Completed ]
Lãng mạnကိုယ်ကိုကိုယ် ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...