Name Of Love ❤
Page (4)
မနက်ခင်းတစ်မနက် တွင် အိမ်တစ်အိမ်၌ သူငယ်ချင်းတစ်သိုက် စုစုစည်းစည်းရှိနေကြလေသည်
"ဟျောင့် မြန်မြန် လုပ်လေကွာ မင်းကလဲကြာလိုက်တာ "
Taishi - လာပါပြီကွာ မင်းတို့ကလဲစိတ်ကြီးပဲ
"မင်းကကြာနေတာကို မြန်မြန် မလုပ်ဘူး "
Taishi - ဒါနဲ့ငါမသွားရင် မဖြစ်ဘူးလား ?
"မရဘူး ဟျောင့် ဟိုကမင်းကိုပါအောင်ခေါ်လာ ခဲ့ပါတဲ့
မနေ့ညကတောင် ငါကိုဖုန်းဆက်ပြီးလှမ်း ပြောတာ "Taishi - မင်းတို့ကလဲ ငါမှမသွားချင်တာ
"ဟျောင့် Nayo ကမင်းကိုတကယ်ကြီး စိတ်ဝင်စားနေလို့ လူကိုယ်တိုင်တောင်လာဖိတ်တာနော် သူသဘောကျနေတဲ့သူကို သူမွေးနေ့မှာတော့ ရှိနေစေချင်မှာပဲလေ ငြိမ်ငြိမ်လေးသာ လိုက်ခဲ့ကွာ နို့မို့ဆို ငါကိုနားငြီးအောင်အပြစ် လာတင်နေလိမ့်မယ် "
Taishi - ငါမှစိတ်မဝင်စားတာ
"သူကတော့စိတ်ဝင်စားတယ်လေ တော်တော့ကွာ လိုက်မှသာလိုက်ခဲ့ ဟိုရောက်မှ ခနလောက်နေပြလိုက်ပြီး နောက်မှ အကြောင်းတစ်ခုခုပြပြီး ပြန်လာလိုက်ပေါ့ကွာ
အခုတော့လိုက်ခဲ့လိုက်ကွာ "Taishi တစ်ယောက်မလိုက်ချင်လိုက်ချင်နဲ့ သူငယ်ချင်းတွေ ဆွဲခေါ်ရာနောက်သို့ ပါသွားလေတော့သည် Nayo ဆိုတာ သင်တန်းတက်တော့မှ ရင်းနီးကြပင်မဲ့ သူ့အနေနဲ့ကတော့ သာမန် မိတ်ဆွေအဆင့်သာရှိလေသည် အခုလည်း ဟိုတလောကမှ မွေးနေ့ဖိတ်ထားတာသိပင်မဲ့ အပျင်း ထူပြီး မသွားချင်သောကြောင့် အိမ်မှာဂိမ်းဆော့နေရာမှ သူငယ်ချင်းတစ်သိုက် အိမ်ထဲထိအတင်းအကြမ်းဖက် ဆွဲခေါ် ကြလေရာ ကားပေါ်သို့ အတင်းအကျပ် လိုက်သွားရလေသည်
"ဟျောင့်တွေ ငါတို့တွေပြီးရင် တစ်နေရာသွားကျရအောင် "
"ဘယ်ကိုတုန်း?"
"ဒီနေ့ညနေ ငါ့အသိတစ်ယောက်ရဲ့ ဂိမ်းပြိုင်ပွဲတစ်ခုရှိတယ်
ဘယ်လိုလဲ သွားကြမလား?""အေးကောင်းသားပဲ မင်းရော?"
Taishi - လိုက်မယ်လေ
ESTÁS LEYENDO
Name of Love ❤ (အချစ်၏နာမည်) [ Completed ]
Romanceကိုယ်ကိုကိုယ် ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...