Name Of Love ❤
Page (16)
ညနေစောင်းခါနီးအချိန် နေဝင်ခါနီးတွင် ---
Taishi တစ်ယောက် တစ်ခုခုကို စဥ်းစားတွေဝေသွားတာကိုကြည့်နေရင်း သူမ အပြုံးတစ်ခုကိုပြုံးကား စကားကိုဆက်ပြောလိုက်လေသည်
Nayo - ဘာတွေအဲ့လောက်လန့်သွားတာလဲ?!
Taishi - မင်း … ဒါ - တွေကိုဘယ်လိုသိနေတာလဲ?!
Nayo - တကယ်ကြီးလား?! Nayo ကမှန်းပြီးပြောလိုက်တာပါ Taishi ကတကယ်ဖြစ်ခဲ့ဖူးတာလား?!
ဟုတ်မှာပါလေ Ai ကTaishi ကိုလဲသူကိုယ်တိုင် ဖျော်တိုက်ပေးခဲ့ဖူးတယ်လို့လဲပြောခဲ့သေးတယ်လေသူမကအဲ့လိုပြောပြီး သူ့အားသေချာစိုက်ကြည့်လိုက်လေသည် ထို့နောက် သူမ သူကိုကြည့်နေရင်း စကားတွေကိုထပ်ပြောလေသည်
Nayo -Taishi တကယ်ပဲလက်လျော့လိုက်တော့မှာလား? သူမကိုမချစ်တော့ဘူးလား? သူမကိုမပိုင်ဆိုင်ချင်တော့ဘူးလား? သူမနဲ့အတူတူမရှိချင်တော့ဘူးလား? သူမကတကယ်လူကောင်းလေးပါ သူမက လူတိုင်းကိုပျော်ရွှင်မူတွေပေးတယ် ဝမ်းသာကျေနပ်မူတွေကိုလဲ ယူဆောင်လာပေးတယ် သူမ ဘာတွေပဲပြောခဲ့ပြောခဲ့ သူမပြောခဲ့တာတွေက Taishi ကောင်းဖို့အတွက်ပဲဖြစ်နိုင်တယ်လေ Nayo ယုံကြည့်တယ် Ai ကဘယ်သူကိုမှ ဝမ်းနည်း ကြေကွဲအောင် လုပ်မှာမဟုတ်ဘူးဆိုတာ
အဲ့ဒီလို့ပဲ Taishi ကိုလဲ သူဘယ်တော့မှ နာကျင်ခံစားရအောင်လုပ်မှာ မဟုတ်ပါဘူး သေချာစဥ်းစားကြည့်ပါအုံး သူမ Taishi ကို ခါးခါးသီးသီးတွေပြောဆိုခဲ့ပင်မဲ့လဲ Taishi ကိုမချစ်ဘူးလို့ မပြောခဲ့ဘူးမလား?! သူမဘယ်တော့မှ အဲ့လိုပြောမှာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူမTaishi ကိုချစ်နေလို့လေ သူမချစ်နေတယ်ဆိုတာ Nayo သိတယ် သူမအဲ့ဒီစကားကိုလည်း ဘယ်တော့မှ ပြောမှာမဟုတ်ဘူး
Nayo သာTaishi ဆိုရင် သူမကိုလိုက်ရှာပြီး
ကိုယ့်အချစ်တွေကို သူမလက်မခံရင်တောင် သူမဖျော်
တိုက်ပေးခဲ့တဲ့ခံစားမူတွေကိုဖြစ်ပေါ်စေတဲ့ကော်ဖီစေ့လေးတွေလိုပဲ သိမ်းထားလို့ရအောင် သူမကိုလက်ဆောင်အနေနဲ့ ပေးလိုက်မိမှာပဲလေ Nayo ထက် Taishi ကပိုသိပါတယ် သေချာပြန်စဥ်းစားလိုက်ပါ
သူမTaishi ကိုချစ်နေပါသေးတယ် Taishi ကသာမသိပင်မဲ့လဲ သူမ့နှလုံးသားရဲ့တစ်ထောင့်တစ်နေရာလေး ကနေ Taishi ကိုစောင့်နေလိမ့်မှာပါ Taishi သူမဆီကိုသွားသင့်တယ်
ESTÁS LEYENDO
Name of Love ❤ (အချစ်၏နာမည်) [ Completed ]
Romanceကိုယ်ကိုကိုယ် ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...