❤ Page (17) ❤

962 60 1
                                    

Name Of Love ❤

Page (17)

မနက်ခင်း ၉နာရီ ၆မိနစ်အချိန်တွင် အိမ်တစ်အိမ်ရှေ့၌
Taishi တစ်ယောက်ရပ်နေလေသည် ထို့နောက် သူ
အိမ်ရှေ့တံခါးအနားသို့တိုးသွားကာ တံခါးခေါက်လိုက်လေသည် ခေါက်ခေါက်ခြင်းတော့ အိမ်ထဲမှ ဘာမှတုန်ပြန်မူမကြားရပေ
နောက်တစ်ခါထပ်ခေါက်လေရာ တစ်ဖက်မှ တံခါးအနည်းငယ်ဖွင့်လာကာအထဲမှ အမျိုးသမီး တစ်ဦး ထွက်လာပြီး သူအားစကားပြောလိုက်လေသည်

"မဂ်လာပါ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ?"

Taishi - အော် မဂ်လာပါဗျာ ကျွန်တော် Ai နဲ့ တွေ့ချင်လို့ပါ

သူ့ရဲ့အပြောကြောင့် ထို့အမျိုးသမီး အနည်းငယ် မျက်နှာပျက်သွားကာ တွေးဝေသွားလေသည် ခဏနေတော့ သူကိုခြေဆုံးခေါင်းဆုံးကြည့်၍အိမ်ထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်လေသောကြောင့် သူလည်း အိမ်ထဲသို့ ဝင်လာခဲ့လိုက်လေသည်
အိမ်ထဲသို့ရောက်သောအခါ တိတ်ဆိတ်နေပြီး မည်သူမျှမရှိပေ Ai များရှိမလားဆိုပြီး လိုက်ကြည့်ပင်မဲ့လဲ သူမ၏အရိပ်အယောင်တောင် မတွေ့ရပေ ထို့နောက် ထမင်းစား စားပွဲခုံရှေ့မှာထိုင်နေတဲ့ သူ့အား ကော်ဖီတစ်ခွက် လာချပေးလေသည်

"ဟို Ai နဲ့ ဘာကိစ္စ ရှိလို့လဲမသိဘူး?!"

Taishi - အော် ကျွန်တော် နာမည် Taishi ပါကျွန်တော်က Ai ရဲ့ မိတ်ဆွေပါ

"မိတ်ဆွေပဲလား ?"

Taishi - ဗျာ !

အမျိုးသမီး၏ပြောစကားကြောင့် သူအနည်းငယ်ကြောင် သွားလေရာ အမျိုးသမီး အားကြောင်ကြည့်နေမိလေသည် ထို့အခါ ထို့အမျိုးသမီး မှ အပြုံးတစ်ခုကို ပြုံးလိုက်လေကာစကားကိုဆက်ပြောလေသည်

"အန်တီ က သူ့အမေပါ မင်းဒီကိုဘာကြောင့် ရောက်လာလဲဆိုတာ အန်တီ သိပါတယ် "

Taishi - ကျွန်တော် ... ! ?

"မင်းသူကို လာရှာတာမှတ်လား ? မင်းကတကယ့် လူကောင်းလေးပဲ "

Taishi - ဟို ... ကျွန်တော် - သူ့ကိုတွေ့ချင်တယ် သူကိုလည်းပြောစရာစကားတွေအများကြီးရှိတယ် တောင်းလည်းတောင်းပန်ချင်တယ်

Name of Love ❤ (အချစ်၏နာမည်) [ Completed ] Donde viven las historias. Descúbrelo ahora