Name Of Love ❤
Page (14)
အလွန်နွေးထွေးနေတယ်လို့ထင်ရတဲ့ ကြည့်နူးစရာကောင်းလှပြီး အေးချမ်းသာယာလှတဲ့ ကျက်သရေရှိလှသော မနက်ခင်း၌ ပန်းခြံတစ်ခုထဲရှိ ခုံတန်းတစ်ခု ပေါ်တွင် Taishi တစ်ယောက် ဝမ်းနည်းလွမ်းဆွှတ်နေသော မျက်နှာနဲ့ တစ်ခုခုကို တွေးတောနေလေသည် သူအတွက်ကတော့ ဘယ်လောက်ပင် အေးချမ်းသာယာလှပြီး နွေးထွေး ကြည့်နူးဖွယ်ရာကောင်းနေပါစေ အရာအားလုံးဟာ စိတ်ပျက်အားငယ်ပြီး ဝမ်းနည်း လွမ်းဆွတ်စရာပင် အလွန်ကောင်းနေတော့သည်
ထို့နေရာသည် သူမနဲ့ သူနောက်ဆုံး တွေ့ ခဲ့သော နေရာပင်ဖြစ်သည် သူအတွက်အဖို့ တော့ အဲ့နေ့ညကဖြစ်ပျက်ခဲ့တဲ့ အရာတွေအကုန်လုံးဟာ မနေ့တစ်နေ့ကဖြစ်ပျက်ခဲ့သလိုမျိုး သူစိတ်ထဲတွင် မှတ်မိနေလေသည်
အခုဆိုရင်
သူမ နဲ့ မတွေ့ဖြစ်တော့တာ အချိန်တစ်ပတ်တောင် ကြာခဲ့ပြီလေ သူမဆိုင်ကိုလည်းမလာတော့ပေ သူဆီကိုလည်း မက်ဆေ့ မပို့တော့ပေ သူမသည်
သူအနားကနေအစအန မရှိ လုံးဝပျောက်ကွယ် သွားတော့လေသည်
သူ သူမကို လိုက်ရှာချင်နေခဲ့ပင်မဲ့ သူမ သူအနားကနေ
ထွက်သွား ခဲ့ရတာ သူ့အပြစ်ကြောင့်မို့လို့ နောင်တတွေ
အများကြီး နဲ့ ကိုယ်ဟာကို လိပ်ပြာမလုံပဲ အပြစ်တင်စိတ်တွေ ဖြစ်နေမိလေသည် အကယ်၍ သူမကို လိုက်ရှာခဲ့ပြီပဲထား သူ သူမနဲ့ရင်ဆိုင်ဖြေရှင်းဖို့ သတိတွေ ပျောက်ဆုံးနေခဲ့မှာပဲ လွမ်းဆွတ်နေတဲ့စိတ်ကိုထိန်းချုပ်မရသောကြောင့်ဆက်သွယ်စုံစမ်း မေးမြန်း ပြီး လိုက်ရှာချင်ပင်မဲ့လည်း သူမရဲ့ ပြောသွားတဲ့ ခါးသီးလှတဲ့ စကားတွေကြောင့် သူ သူမကိုမလိုက်ရှာခဲ့ပေ သူမရဲ့စကားတွေက သူလိုက်ရှာခဲ့ရင်တောင်မှပဲ သူဟာ သူမအတွက်တော့ အပိုတစ်ယောက်အနေနဲ့သာ ဖြစ်နေပြီး သူမ သူကိုလည်း အပြစ်ပေါင်းများစွာဖြင့်
ခွင့်မလွှတ်နိုင်ပဲဖြစ်နေပေလိမ့်မည် သူမကို နေ့တိုင်းသတိရတဲ့စိတ်နဲ့ သူငယ်ချင်းတွေ နဲ့တောင် သိပ်မတွေ့ဖြစ် တော့ပေ အရင်လို ပြိုင်ပွဲတွေ စိတ်ဝင်စားတဲ့ သူက သူငယ်ချင်းတွေကားပြိုင်ပွဲ လာခေါ် တာတောင် မလိုက်ဖြစ်တော့ပေ သူဘာတွေ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ဘာတွေ ဘယ်လိုပဲ ရင်ကွဲမတတ် ခံစားနေရပါစေ သူရဲ့ သူငယ်ချင်းတွေကတော့ သူကိုမထားသွား ခဲ့ပေ အရင်တုန်းကအမြဲတန်း တက်ကြွတက်ကြွ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး လွှတ်လွှတ်လပ်လပ် နေတတ်တဲ့သူကအခု ငေးတီငေးမိုင် နဲ့သူမအကြောင်းကိုသာ အမြဲတမ်း တွေးတောနေပြီး ဘယ်သူနဲ့မှလဲစကား မပြောတော့ပေ
STAI LEGGENDO
Name of Love ❤ (အချစ်၏နာမည်) [ Completed ]
Storie d'amoreကိုယ်ကိုကိုယ် ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...