Name Of Love ❤
Page (15)
စီးပွားရေး စီမံ ဆိုင်ရာ သင်တန်းတစ်ခု ၌ -----
သင်တန်းသို့ရောက်သောအခါ ကားကို ပါကင်မှာထိုးလိုက်ပြီး အတန်း ရှိရာသို့ လျှောက်လာခဲ့လေသည် ထို့နောက်အခန်းထဲသို့ဝင်ကာ ခုံတစ်လုံးကိုဆွဲယူ၍ဝင်ထိုင်လိုက်ပြီး ဘာစကားမှမပြောပဲ ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသော အပြာရောင် ကောင်းကင် ကြီး ကိုသာမော့ကြည့်နေလေသည်
ထို့နောက် သူငယ်ချင်းတစ်စု ဘာစကားမှမပြောပဲ ရုပ်တည်ကြီးနဲ့ဝင်လာတဲ့ Taishi ကို စကားပြောဖို့တွန့်ဆုတ်နေကြလေသည် သူအား ဒီလိုပုံစံနဲ့ ဘယ်လို့မှ ဆက်ပြီးမကြည့်ရက်နိုင်တော့တဲ့ အဆုံး စကားကိုရဲတင်းစွာ ပြောလိုက်လေသည်"ဟျောင့် Taishi ဟို --- မင်းကိုငါတစ်ခုတော့ ပြောချင်တယ်ကွာ မင်းအခုလိုဖြစ်နေမဲ့အစား သူမကိုလိုက်ရှာ
ကြည့်ပါလား? ""အေးလေ သူမနဲ့တွေ့ပြီး ထိပ်တိုက် ရှင်းရှင်းလင်းလင်း
ပြောကြည့်ရင် အဆင်ပြေလောက်မှာပါကွာ""မင်းသူ့ကို သေသေချာချာ ရှင်းပြပြီး သူကိုဘယ်လောက်ချစ်တဲ့အကြောင်းတွေကို ပြောပြလိုက်ရင်တော့ သူလည်း နားလည်လာမှာပါပဲလေ အဲ့နေ့က သူလည်း ချက်ချင်းကြီး ဆိုတော့မိန်းကလေးတစ်ယောက်အနေနဲ့ အနည်းငယ် လန့်သွားလို့ အဲ့လို့တွေ ပြောခဲ့မိတာဖြစ်မှာပါကွာ "
"Taishi တစ်ယောက် သူငယ်ချင်း တွေ ပြောတာတွေကိုသာ နားထောင်နေပင်မဲ့လဲ ဘာစကားမှ တော့ပြန်မပြောပေ"
"ဟျောင့် ဟျောင့် Taishi ကြားလား?
ဟျောင့် မင်းအဲ့လိုကြီးတော့နေမနေနဲ့လေကွာ
အနည်းဆုံးတော့ ထပ်ကြိုးစားကြည့်လေကွာ
မင်းဒီလိုကြီးဖြစ်နေတော့ ငါတို့လဲ စိတ်မကောင်းဘူးလေကွာ မင်းအရင်လိုပြန် ကြိုးစားပြီး သူမကို နောက်တစ်ခါ ထပ်ပြောကြည့်လိုက်ပါကွာ ""အေး ဟုတ်တယ် သူမလည်း ဆိုင်ကိုမလာတော့ပင်မဲ့ အိမ်မှာတော့ ရှိမှာပါကွာ အိမ်မဟုတ်ရင်လည်း ကျောင်းမှာလိုက်ရှာ ကြည့် လိုက်ပေါ့ကွာ တစ်နည်းနည်းဖြင့်
သူမကိုတွေ့လောက်မှာပါကွာ"
YOU ARE READING
Name of Love ❤ (အချစ်၏နာမည်) [ Completed ]
Romanceကိုယ်ကိုကိုယ် ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...