❤ Page(7) ❤

1.4K 90 0
                                    

Name Of Love ❤

Page (7)

သူမ ကြည့်နေတာကိုသိတော့ သူအနည်းငယ်ရှက်သွားလေသည်

Taishi - ဟေ့ ဘာတွေ အဲ့လောက်ကြည့်နေတာလဲ?

Ai - ဘာမှမဟုတ်ပါဘူး အစ်ကို့ကိုသေချာကြည့်တော့မှ
ဆိုင်ကအစ်ကိုတွေ ထက်···
ဆိုင် … ဆိုင်…အား အခုမှသတိရတယ် Ai ဆိုင်ကိုပြန်သွား ရအုန်းမှာပဲ

Taishi -အခုလား ?

Ai - အင်း ဟုတ်တယ်

Taishi - ဒါမဲ့မင်းမှာဒဏ်ရာနဲ့လေ

Ai - မသိဘူး သွားမှဖြစ်မယ်

Taishi - ဟုတ်ပါပြီ စိတ်အေးအေးထား ကိုယ်လိုက်ပို့ပေးမယ်

Ai - ကျေးဇူးပါပဲရှင့်

Ai တစ်ယောက် ပျာပျာသလဲဖြစ်နေတာကြောင့် သူလည်းမနေနိုင်တာနဲ့ ဆိုင်သို့လိုက်ပို့ ပေးလိုက်ရလေသည် သူမကိုစိတ်မချနိုင်တာကြောင့် ဆိုင်ရှေ့မှာအလုပ်ပြီးတဲ့အချိန်ထိ ရပ်စောင့်နေလေရာ ညဘက်ဆိုင်သိမ်းချိန်ရောက်တော့ ဆိုင်ထဲကနေ သူမထော့နဲထော့နဲ
နဲ့ထွက်လာခဲ့လေသည် ထို့နောက် သူမ Taishi တစ်ယောက် ဆိုင်ရှေ့မှာ ရပ်စောင့်နေတာကို တွေ့လိုက်ရတော့ လန့်သွားပြီး …

Ai - အော် အစ်ကို! ဒီမှာဘာလုပ် နေတာလဲ ?

Taishi - မင်းကိုစောင့်နေတာလေ

Ai - ရှင့်!

Taishi - မင်းမှာ ခြေထောက်ဒဏ်ရာကြီးနဲ့လေ အိမ်ကိုဘယ်လိုပြန်မလဲ ?

Ai - ဟုတ်သားဘဲ စိတ်ပူပေးလို့ ကျေးဇူးပါပဲနော် ဒါမဲ့အစ်ကိုလည်း အိမ်ပြန်ရအုန်းမယ်မလား ?

Taishi - ရပါတယ် ကိစ္စမရှိဘူး ငါပြန်လိုက်ပို့ပေးမယ်လေ

Ai - ဟုတ်

Taishi - ဒါဆိုသွားကြမယ်လေ ဒါနဲ့… စက်ဘီးရော

Ai - အော် စင်ဘီးကဆိုင်ကဟာလေ အလုပ်ချိန်ပဲယူသုံး လို့ရတာ

Taishi - အော် အဲ့လို့မှန်းသိရင် ကားသွားယူ ထားလိုက်ပါတယ်

Ai - အဆင်ပြေပါတယ် ဖြေးဖြေးချင်းစီ လျှောက်သွားကြမယ်လေ

Taishi - အင်းး

အဆင်ပြေတယ်သာ ပြောရတာ သူမဟန်ဆောင်ပြီး လျှောက်နေပင်မဲ့လဲ ဒဏ်ရာကြောင့် သူမနာလာလေသည် သူသိမှာဆိုးလို့ ဆက်ပြီးလျှောက်နေပင်မဲ့လဲ သူမ ဆက်မ လျှောက်နိုင်တော့ပေထိုအခြေနေကို သိတာကြောင့် Taishi တစ်ယောက် သူမအရှေ့မှာ ဝင်ရပ်လိုက်​လေသည် ထို့နောက် ဆောင့်ဆောင့်လေး ထိုင်ချလိုက်ပြီး …

Name of Love ❤ (အချစ်၏နာမည်) [ Completed ] Donde viven las historias. Descúbrelo ahora