Name Of Love ❤
Page (24)
ဆူညံသံများနဲ့ပြည့်နှက်နေသောပွဲတော်တစ်ခုတွင် … Taishi တစ်ယောက် တစ်ဖက်မှကြားနေရသောသူမ၏ အော်ခေါ်သံမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသောကြောင့် ရင်ထဲတွင် စိုးရိမ်ပူပန်နေမူများမှာ ပို၍ပို၍ ကြီးစိုးလာပေလေသည် ရုတ်တရက်ကြားနေရသောအသံမှာလဲ ရပ်တန့်သွားသောကြောင့် သူအရမ်းပင် စိုးရိမ်ထိတ်လန့်သွားရလေပေသည် သို့သော် သူမအသံကိုမကြားရတော့ပင်မဲ့လဲ နားထဲတွင် ခြူသံတစ်ခုကိုတော့ သူ ရှင်းရှင်းလင်းလင်းနဲ့ကိုကြား
နေရပေလေသည် ထို့ခြူသံကို နားစိုက်ထောင်၍ များပြားလွန်းလှသောလူအုပ်စုကြီးကို အတင်းတိုးဝေ့၍အသံလာရာဘက်သို့ လျှောက်သွားလေသည် တစ်ကိုယ်လုံးလဲ ချွေးသံတစ်ရွဲရွဲဖြင့် မော်ဟိုက်နေလေသော်လည်း သူ၏စိတ်ထဲတွင် သူမအတွက်သာစိုးရိမ်ထိတ်လန့်နေမိလေသည် လူအများမှာလဲ အရမ်းပင် များပြားလွန်းလှသည့်အတွက် ဘေးဘီဘေးရာကို လိုက်ကြည့်ပင်မဲ့လဲ သူမကိုအခုချိန်ထိ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ ထို့အချိန် ”ဝုန်း”ဆိုသော အသံနှင့်အတူ မီးရှုးမီးပန်းများမှာ ကောင်းကင်ပေါ်သို့ ထွက်ပေါ် လာကြပေလေသည် အဆက်မပြတ် ”ဝုန်း …ဝုန်း”ဆိုပြီး ထွက်ပေါ်လာသောကြောင့် ကြားနေရသော ခြူသံမှာလဲ ဝိုးတဝါးလေးသာ ကြားနေရတော့ပေလေသည် လူ
အများ၏စကားသံများ, မီးရှုမီးပန်းများ၏အသံများမှာ အရမ်းပင်ကျယ်လောင်နေသောကြောင့် ထို့
ခြူသံကလေးကို အားစိုက်နားထောင်နေရပေလေသည် Taishi တစ်ယောက် ရင်ထဲတွင် သူမကိုမတွေ့ရမချင်း စိုးရိမ်စိတ်များမှာလွှမ်းမိုးနေပြီး ခေါင်းတစ်ခုလုံးလဲပူထူနေပေလေသည် …Taishi - Ai … Ai …
ထို့အချိန် လူအုပ်စုကြီးကိုတိုးဝေ့ရင်း ကြားနေရသော ခြူသံမှာ အနည်းငယ်နီးစပ်လာသလို့ ခံစားလာရလေရာထို့အသံကြားရာဘက်သို့ ကမန်းကတမ်း အမြန်အဆန် တိုးဝေ့ပြေးလွှားလာခဲ့လေသည် …
Taishi - ခြူသံ! … အသံကဒီဘက်ကလာတာပဲ
Ai …Ai …ထို့နောက် မျက်စိအရှေ့ရှိလူများကို ရုန်းကန်တွန်းဖယ်ရင်း အသံနဲ့အတူတူ တဖြည်းဖြည်းခြင်း နီးကပ်လာပေလေသည် ရင်ထဲတွင်လဲ သူမကိုရှာတွေ့တော့မယ်လို့ခံစားလာရသောကြောင့် အမြန်အဆန်ပင် ထို့နေရာသို့ မရမကပြေးလာခဲ့ပေလေသည် ထိုသို့ပြေးလွှားလာရင်း ထို့ခြူသံနဲ့နီးစပ်ရာနေရာသို့အရောက် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် Taishi တစ်ယောက် စိုးရိမ်အံ့သြမှင်သက်သွားရပေလေသည် နီရဲနေသောသွေးများသည် သူမရဲ့လက်ကလေးပေါ်တွင် ပေကပ်နေကြပြီး သူမ့မျက်နှာမှာလဲ အဖြူရောင်ဂွမ်းသားတစ်ခုကဲ့သို့ ဖြူဖတ်ဖြုရော်ဖြစ်နေ၍ နှာခေါင်းနဲ့အနီးတစ်ဝိုက်တွင် သွေးများမှာလဲ ပေရေနေကြလေသည် သူမရဲ့ပုံစံသည် အရမ်းပင်မောဟိုက်နေပြီး အသက်ရှုရာတွင်လဲ ခက်ခက်ခဲခဲရှုရှိုက်နေရရှာလေသည် သူမသည်ကြောက်လန့်တုန်လှုပ်နေ
သည့်ပုံစံဖြင့် တုန်ရီနေသောလက်ပေါ် ရှိသွေးများကိုသာ စိုးရိမ်ထိတ်လန့်စွာဖြင့် ကြောင်ကြည့်နေလေပေသည် ထို့မြင်ကွင်းကို Taishi တစ်ယောက် ရှင်းရှင်းလင်းလင်းနဲ့ အမှတ်မထင် တွေ့လိုက်ရသောကြောင့် ရင်ထဲတွင် တစ်ခုခုကိုအမှန်တကယ်လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ခံစားချက်ကြီးသည် နှလုံးသားထဲသို့ အချွန်တစ်ခုခုနဲ့ ထိုးဖောက်ဝင်ရောက်သွားသကဲ့သို နာကျင်စွာဖြင့် ရပ်ပြီးကြောင်ကြည့်နေမိလေသည် ထို့အချိန် တုန်ရီစွာဖြင့် ရပ်နေသောခြေလမ်းများကို တဖြည်းဖြည်းချင်းဆီ လျှောက်လှမ်းလာ၍ သူမ၏နာမည်ကို တုန်ရီနေသောအသံဖြင့် လှမ်းခေါ်လိုက်လေရာ …
YOU ARE READING
Name of Love ❤ (အချစ်၏နာမည်) [ Completed ]
Romanceကိုယ်ကိုကိုယ် ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...