❤ Page (11) ❤

1.1K 73 0
                                    

Name Of Love ❤

Page (11)

အလွန် အေးချမ်းပြီး သာယာ၍ ကျက်သရေရှိလှ​သော မနက်ခင်း အချိန်ခါလေးတစ်ခုတွင် ...
စီပွားရေးဆိုင်ရာ သင်တန်းတစ်ခု၌ Taishi တစ်ယောက် အလျင်အမြန် လမ်းကိုလျှောက်ကာ အခန်းထဲသို့ဝင်လာခဲ့လေသည် ထို့နောက် ခုံတစ်လုံးကိုဆွဲယူလိုက်ကာတစ်ခုခုကိုအကျပ်ရိုက်နေတဲ့မျက်နှာနဲ့ သူငယ်ချင်းတွေနားသို့ ဝင်ထိုင်လိုက်လေသည်

"ဟျောင့် ဘာဖြစ်လာတာလဲ? ရုပ်ကလဲ ဗုံးမှန်းထားတဲ့ ရုပ်နဲ့! "

"အေးလေ ဘာလဲ မင်းအဖေရောက်လာလို့လား ? "

သူငယ်ချင်းတွေကသာ စကားတွေပြောနေပင်မဲ့လဲ သူကတော့ဘာမှပြန်မပြောပဲ မျက်နှာကြီးမှုန်ကုတ်ကာ ထိုင်နေလေသည်

"ဟျောင့် Taishi ဘာဖြစ်နေတာလဲ? "

"အေးလေ ဘာဖြစ်လာတာလဲ? ဟျောင့် ငါပြောတာကြားလား ?"

Taishi - အေး ဘာလဲ?

"ငါပြောတာကြားလားလို့ ကြောင်တောင်တောင်နဲ့ ဘာဖြစ်နေတာလဲ? "

Taishi - အော် ငါမင်းတို့ကို ပြောစရာရှိလို့
အာ... မဟုတ်ဘူး ပြောစရာထက် မေးစရာရှိလို့

သူ့အပြောကြောင့် သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဇဝေဇဝါဖြစ်သွားရလေသည်

ထို့နောက် Taishi တစ်ယောက်လဲ ဟိုကြည့်ဒီကြည့် လိုက် ကြည့်လိုက်ပြီး သူငယ်ချင်းတွေအနားသို့ တိုးကာ စကားတစ်ခွန်းပြောလိုက်လေသည်

Taishi - ငါ Ai ကိုဖွင့်ပြောလိုက်တော့ရင်ကောင်းမလားလို့?!

ဟု၍ ဟိုကြည့်ဒီကြည့် နဲ့ ပြောလိုက်သောအခါ ...

"ဟျောင့် မင်းကွာ အဲ့ဒါလေး ပြောမလို့ဟာကို ဟိုကြည့်ဒီကြည့်လုပ်နေရသေးတယ်လို့လေ မသိရင် တစ်ခုခုကြံတော့မဲ့ ဆိုဒ်ကြီး နဲ့ "

"အေးလေ ဖွင့်ပြောတာလေးများ ပြောလိုက်ပေါ့ "

Taishi - မဟုတ်ဘူး ငါညကသူကိုဖုန်းနဲ့ဖွင့်ပြောမလို့ လုပ်သေးတယ် ဒါမဲ့ ငါမပြောရဲဘူးကွ

"မင်းကလဲ ယောကျာ်း လုပ်မနေပါနဲ့တော့လား ?"

"အေးလေ မင်းအရင်တုန်းက အဲ့လို့မဟုတ်ပါဘူး"

Name of Love ❤ (အချစ်၏နာမည်) [ Completed ] Hikayelerin yaşadığı yer. Şimdi keşfedin