❤ Page(8) ❤

1.4K 82 0
                                    

Name Of Love ❤

Page (8)

မနက်ခင်းပိုင်းသင်တန်းဆင်းအချိန်တွင် 'ဒုန်း' ဆိုတဲ့ အသံနဲ့အတူ ဗီဒိုနဲ့နောက်ကျောကို တွန်းထုတ်တာကိုခံလိုက်ရလေရာ Taishi တစ်ယောက် ခါးနာသွားလေသည်
မနေ့က သူမနဲ့ လိုက်သွားမိတာကြောင့် သူငယ်ချင်းတွေ ရဲ့အဆော်ပလော် တီးခြင်းကိုခံနေရခြင်းဖြစ်သည်

"ဟျောင့် မင်းနော် ငါတို့ကိုတောင် ထားခဲ့ရတယ်လို့ "

"အေးလေ မင်းဟာက အရမ်း သိသာမနေဘူးလား ?"

"ငါတို့မှာ ဘာပြောရမှန်းမသိကြောင်တောင်တောင်နဲ့ ကျန်ခဲ့ရတယ် လို့ "

Taishi - မင်းတို့ကလဲ ကောင်းကောင်း ပြောလို့လဲရပါတယ်ကွာ အဲ့လောက်ထိတော့လုပ်ဖို့မလို့ပါဘူး အားးးး နာလိုက်တာ ငါတောင်းပန်ပါတယ် လို့ပြောပြီးပြီပဲလေ

"​အေး မင်းကို ငါတို့က ကိုင်ပါ ပေါက်ချင်နေတာ"

"ဒါနဲ့ အခြေအနေ ကရော? "

Taishi - ဘာကိုလဲ?

"မင်းကလဲ တုံးလိုက် တာကွာ
ကောင်မလေးနဲ့ပြောတာလေ"

Taishi​ - အော် မင်းတို့ကလည်း မသိချင်လို့တာပဲ

"ဘာလဲ မပြောပြချင်တာလား ? မင်းက အေး ငါစိတ်ကောက်လိုက်မှာနော်"

"ထွီး ရွံ့လိုက်တာကွာ ဘာလဲ မင်းက ဒီကောင်ကို ကြိုက်နေတာလား ?"

"မင်းကလည်း အမှန်တွေအရမ်းမပြောနဲ့လေ "

Taishi - ကြက်သီးတောင်ထတယ်ကွာ

"စတာပါ မင်းတို့ကလည်း မသိရင် ငါကပဲခြောက်နေတာကျနေတာပဲ တော်တော့ ဟျောင့် ဟိုကောင် Taishi စကား လမ်းကြောင်း မလွဲနဲ့ မင်းနဲ့ကောင်မလေးအကြောင်း ငါတို့ကိုပြောပြ ဒါပဲ "

ကိုယ့်အပြစ် နဲ့ ကိုယ်မို့လို့ သူငယ်ချင်းတွေ ရဲ့ နှိပ်စက်ခြင်း ကိုခံနေရတဲ့အပြင် သူ့ရဲ့လျှိ့ဝှက်ချက်ကြီးကိုပါမေးနေတာကြောင့် ထွက်ပြေးချင်စိတ်တောင် ပေါက်နေပြီ
ငယ်သူငယ်ချင်းတွေမို့လို့ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိကြပင်မဲ့ အကြောင်း တစ်ခုခုဆိုရင်လည်း ချန်မထားတတ်ကြပဲ အကုန်ပြောပြတတ်ကြ​လေသည် အခုလည်းလျှို့ဝှက်ချက်တစ်ခု ဖြစ်ပင်မဲ့လဲ သူငယ်ချင်းတွေကိုမပြောပဲလည်းမနေနိုင် မပြောလို့ကလဲ မရတော့တဲ့ အခြေအနေ မှာ ဖြစ် နေ​ရပြီလေ အဲ့ဒါကြောင့် သူမနဲ့ပတ်သက်တဲ့ အကြောင်းတွေကို သူငယ်ချင်းတွေ အား ပြောပြလိုက်ရလေသည်

Name of Love ❤ (အချစ်၏နာမည်) [ Completed ] Where stories live. Discover now