❤ Page (12) ❤

1K 69 0
                                    

Name Of Love ❤

Page (12)

အလွန် အေးချမ်းသာယာပြီး ကြည်နူးဖွယ်ရာ ကောင်းလှသော မနက်ခင်း လေး တစ်ခု, မနက်ပိုင်း ၈နာရီ ၅၀မိနစ်အချိန် တွင် ရေချိုးခန်းတစ်ခု ထဲရှိ ရေချိုးကန်ထဲ ၌ သူမ ရေစိမ် နေရင်း မနေ့က Nayo ပြောသွား တဲ့အကြောင်းအရာ ကိုသူမ စဥ်းစား နေလေသည်

Ai - Nayo ကြည့်ရတာ Taishi ကို ချစ်နေတယ် ဆိုတာ တကယ်ကြီး ပြောသွားတာလား? အွ-န်း
ဟုတ်-မှာပါလေ သူကလည်း အရမ်းချောတာကို Nayo နဲ့လည်း လိုက်မှာပါ လေ ဒါနဲ့
နေပါအုံး ငါနဲ့မှ မဆိုင်တာ
ဒါမဲ့ သူမကငါကို ဘာကြောင့်လာပြော သွားရတာလဲ?
အွန်းလေ... ငါကိုလာပြောသွားမှတော့ လဲတတ်နိုင်သလောက် တော့ ကူညီပေးနိုင်မယ် ထင်တယ် ဒီနေ့ သူကို Nayo အကြောင်းပြောပြလိုက်မယ် ကျန်တာကတော့ သူအပိုင်းပေါ့ ဟုတ်တယ် အဲ့လိုလုပ်ရမယ်

သူမတစ်ယောက်တည်း အဲ့လိုပြောနေရင်း ခဏတာ ငြိမ်သက်သွား လေသည် ထို့နောက် သူမရဲ့ ပါး တစ်ဖက်ပေါ်တွင် မျက်ရေစက်လေး တစ်စက် စီးကျလာလေရာ သူမ လက်ကလေးဖြင့် ပွတ်သပ်ရင်းသုတ်လိုက် လေသည်

Ai - သူ့ရင်ထဲမှာ ရှိနေတဲ့သူက ဘယ်သူများပါလိမ့်လဲ?
ထားလိုက်ပါတော့ ငါမှသိစရာ မလိုတာ သူနဲ့ ခဏတာလောက်လေး ပဲ တွေ့ဆုံ ရတော့ မှာကို

ထို့နောက်ရေ ချိုး ကန်ထဲမှထကာ ဘေးနား ရှိ ရေလဲအကျီ ကို ဝတ်၍ အပြင်သို့ ထွက် လာခဲ့လိုက် လေသည်ဒီနေ့ သူနဲ့ ချိန်းထားတာကြောင့် အဝတ်လဲရန် သူမ ဗီဒိုထဲရှိ အဝတ်များအား ရွေး နေလေရာ အမှတ်တမဲ့ သူမလက် ကို လှမ်းကြည့် မိလိုက်ရာတွင် အနီစက် ကလေး များမှာ အရင်ကထက် ပို၍များလာလေသည်

Ai - အင့် ...အရင်က အဲ့လောက် မများ ပါဘူး ဘာလို့ အခုမှ ?!

ဟူ၍ သူမစဥ်းစားနေတုန်း ရုတ်တရက် ခေါင်း အရမ်းမူး လာ၍ မိုက်ခနဲ ဖြစ်သွားကာ လဲကျမည်ဆိုးသောကြောင့် နီးစပ်ရာ စားပွဲပေါ် သို့ ကြိုးစားကာ လက်လှမ်းထောက်လိုက်ပြီး လဲမကျနိုင်အောင် ဟန်ချက် ထိန်း၍ ရပ်သော်လည်း မရဘဲအနီးအနားရှိ ပစ္စည်း များအား
ပြုတ်ကျစေမိပြီး သူမ စိတ်ကို အနည်းငယ်တင်းလိုက်လေရာ ထိုင်ရက် အနေအထားလေးဖြင့်သာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ သွားရလေသည်

Name of Love ❤ (အချစ်၏နာမည်) [ Completed ] Where stories live. Discover now