Shadow you (part-1)❣️

21.1K 683 14
                                    

#Unicode

ဘုန်း!...ဘုန်း!...(တစ်စုံတစ်ခုကိုထိုးနေသောအသံ)
ဟူး...ဟူး...(အလွန်မောဟိုက်၍ရင်ခေါင်းဝမှလာသောအသံ) ထိုအချိန်တွင် "ကျန့်ကော အားလုံးအဆင်သင့်ဖြစ်ပါပြီ"

"omm,ငါလာပြီ"

ဟောခန်းအရှည်ကြီးတစ်ခုထဲတွင် ယောင်္ကျားလေးမိန်းကလေးပေါင်း 25ယောက် လောက်သည် လက်နောက်ပစ်အနေအထားဖြင့် တစ်စုံတစ်ယောက်ကို အသင့်စောင့်နေကြသည်။

ဂျောက်!

အဲ့ဒီ့လူဝင်ရောက်လာပြီး သူတို့ရှေ့တွင် ခန့်ငြားတည်ကြည်သော အသွင်ဖြင့်..

"Ni hao,အကို့နာမည် Xiăo Zhąn(ရှောင်ကျန့်)ပါ"
သူနှာခမ်းလေးကို အနည်းငယ်ပြုံးပြီး နှုတ်ဆက်လိုက်သည်။

"အကိုက XZ Comရဲ့ CEO တစ်ယောက်ဖြစ်သလို မင်းတို့ကိုသင်ကြားပေးမဲ့ နည်းပြဆရာလည်းဖြစ်တယ်။"

ရှောင်ကျန့်က သူရဲ့ဘယ်ဘက်နဲ့ညာဘက်တွင်ရပ်နေတဲ့ လူနှစ်ယောက်ကိုလည်း မိတ်ဆက်ပေးလိုက်သည်။
"သူက Zhān Chān(ကျန်းချန်း)၊သူက Yĩ Cīn(ရီချင်း)သူတို့ကလည်းမင်းတို့တွေရဲ့ နည်းပြဆရာတွေပဲ။"

"ဒီသင်တန်းကျောင်းရဲ့ရည်ရွယ်ချက်နဲ့မင်းတို့တွေရဲ့ တာဝန်က ကိုယ့်အလုပ်ရှင်ကို အသက်နဲ့ခန္ဓာမြဲနေသရွေ့ စောင့်ရှောက်ရမယ်။သင်တန်း ကာလ၆လအတွင်းမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ပြီးသင်ယူကြပါ"

ရှောင်ကျန့်သည် ပြောပြီးတစ်ပြိုင်နက် ကျန်းချန်းဘက်ကို လှည့်ကာ

"ကျန်းချန်း မင်းကသူတို့နေရမဲ့ အဆောင်ကိုလိုက်ပြ ပြီးရင်စည်းကမ်းချက်တွေပြောပြလိုက်"

"ဟုတ် ကျန့်ကော"

တစ်ဖန် ရီးချင်း ဘက်လှည့်ကာ

"ရီးချင်း မင်းက သူတို့အဆောင်သိပြီးပြီဆိုရင် လေ့ကျင့်ရမဲ့နေရတွေနဲ့ အချိန်ဇယားကို ပြောပြထားလိုက်"

"ဟုတ်ကဲ့ ကျန့်ကော"

ခေါင်းလေးတစ်ချက်ညိမ့်ပြီး သင်တန်းသားတွေရှေ့မျက်နှာပြန်မူကာ

"ကောင်းပြီ ဒီနေ့တော့ဒီလောက်ပါပဲ မင်းတို့တွေလည်း အဝေးကလာရလို့ ပင်ပန်းရောပေါ့ မနက်ဖြန် ကျမလေ့ကျင့်မှု့တွေနဲ့ စတင်ကြတာပေါ့"

Shadow you (U+Z) CompletedWhere stories live. Discover now