Shadow you(part-38)❣️

3.3K 314 23
                                    

#Unicode

🦁🦁🦁🦁🦁🦁🦁
ကိုကို့ရင်ခွင်ကျယ်ကြီးမှာ အိပ်ပျော်နေတဲ့ကောင်လေး။ရှောင်ကျန့်၏ ချစ်မဝကောင်လေး။
"အင်း...."

"နိုးပြီလား"

"ဘယ်အချိန်ရှိသွားပြီလဲ shooting နောက်ကျတော့မှာပဲ"
ဂမန်းဂတမ်းတွေပြောနေလေရဲ့။

"စောပါသေးတယ်ခလေးရဲ့"
ရှောင်ကျန့်က ပြောပြီး သူ့ခလေးကိုထွေးပွေ့ထားတယ်။
"ကိုကိုဒီနေ့ ပြန်မှဖစ်မယ်"

"ဗျာ!"
ရိပေါ် လန့်သွားပြီး ထထိုင်မိသည်။
"အား! ကျစ်ကျစ်"
ခါးရိုးမြှောင်းကနေ အောက်ပိုင်းထိ နာကျဥ်မှု့ကြီး။

"ခလေး အဆင်ပြေရဲ့လား နာနေလား"

"အဲ့တာထားပါ ဘာလို့ပြန်မှာလဲ"

"အရေးကြီးတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့တွေ့ဖို့ရှိလို့"

"ဘယ်လောက်တောင်ကြာမှာလဲ"

"၄/၅ ရက်လောက်ပါပဲ ပြီးတာနဲ့ ကိုကိုချက်ချင်းပြန်လာမှာပါ"
ရိပေါ် မျက်နှာလေး ချက်ချင်းငြိုးငယ်သွားသည်။ ရှောင်ကျန့်တစ်ယောက် မီးအိမ်အောက်အံဆွဲလေးထဲက တစ်စုံတစ်ခုကို ထုတ်လိုက်တယ်။
"ဒါ..ဒါ"

"အဲ့တုန်းက မာဖလာနဲ့အတူ ခလေးထားခဲ့တဲ့ပစ္စည်းလေး"
ရိပေါ် တစ်ခုကိုယူကာ ရှောင်ကျန့်လက်ကိုကိုယ်တိုင်ပတ်ပေးသည်။ ထို့နောက် ကျန်တဲ့တစ်ခုကိုလည်း သူ့လက်မှာပတ်လိုက်တယ်။

"ဒါကို အဘိုးတစ်ယောက်ကရောင်းနေတာ သနားတာနဲ့ဝယ်တာကို အဲ့အဘိုးကအလကားပေးလိုက်တာ"
ရှောင်ကျန့်သူ့ရဲ့ ကြိုးလေးကိုကြည့်ကာ

"ဟောင်းသလိုရှိတယ်ထင်ရတယ်နော် ဒါပေမဲ့ကျွန်တော်သဘောကျတယ်"

"ကိုကို့ ခလေးသဘောကျတာပဲ မချွတ်တော့ဘူး"
ရှောင်ကျန့်က ပြောရင် ရိပေါ်ကိုယ်လေးကိုလှဲချလိုက်တယ်။

"ကိုကို ဘာလုပ်တာလဲ!"

"ကိုကို့ကြောင့် နာနေပြီမလား မနာအောင်ပြန်လုပ်ပေးမယ်နော်"

"ဟာ~~ မလုပ်နဲ့ဖယ်! ကျွန်တော်နောက်ကျနေပြီ"

"မဖယ်ဘူးကွာ"
_____________

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora