Shadow you(part-31)❣️

2.9K 300 28
                                    

#Unicode

🖥️~~🖥️~~🖥️

"တစ်ဖြေးဖြေးနဲ့ ရွေးကောက်ပွဲကလည်းနီးလို့နေပါပြီ××××"

သတင်းကြေညာသူက မြို့အသီးသီးက မြို့တော်ဝန်တွေကို ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအကျဥ်းတွေမိတ်ဆက်ပေးနေတယ်။

"ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့ ပေကျင်းမြို့တော်ဝန် ဝမ်ဟောက်ရွှမ်းဟာ စိတ်ဓာတ် စံနမူနာတင်ရလောက်တဲ့ပဂ္ဂိုလ်တစ်ဦးပါ××××××"

TVဖန်သားပြင်ပေါ်မှာ အပြုံးတွေဝေဆာနေတဲ့ ပေကျင်းမြို့တော်ဝန် ဝမ်ဟောက်ရွှမ်းရဲ့ ပုံကို လင်ကျုံရန်မျက်တောင်မခတ်ပဲကြည့်နေသည်။ လင်ရှင်းလည်း စိတ်မကောင်း။ ထို့သို့ ကြည့်နေရင်းနဲ့ လင်ကျုံရန်ရဲ့နှုတ်ခမ်းတွေက ကွေးနေအောင်ပြုံးလာတယ်။

"ပါး..ပါးသူ့ကိုသဘောကျလို့လား"

ပြုံးမြဲ ပြုံးဆဲ

"ကျွန်တော်တို့ ဒီတစ်ခါသူ့ကိုမဲထည့်ကြရအောင်နော်"
________________

ဒေါက်!ဒေါက်!

"စစ်ကျွေး ရောက်လာပြီလား"
သူငယ်ချင်းနှစ်ယောက် ဖက်ကြပြီး

"ဒီမှာ မင်းမှာတာတွေ"

"😄 အဲ့တာတွေထားပါ လာအထဲဝင်။ ဒါနဲ့ကျန့်ကောရှေ့မှာ မင်းစကားပြောဆင်ခြင်နော်"

"အေးပါကွာ ငါအရိပ်သုံးပါနားလည်ပါတယ်"
ထို့နောက် သူတို့ အခန်းထဲကိုဝင်သွားကြသည်။

"ကျန့်ကော ဒါကျွန်တော့် သူငယ်ချင်း စစ်ကျွေးပါ သူကအလုပ်ကိစ္စနဲ့ ဒီကိုလာတာ"

"အင်း တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်ကဲ့ တစ်ကယ်တော့ ကျွန်တော်နဲ့ကျန့်ကောက..."
ပြောရင်းဆိုရင်း ရိပေါ် အကြည့်တွေမြင်သွားတဲ့ စစ်ကျွေး

"...ခုမှ ဆုံဖူးတာပါ😅😅"

"မင်းက ပျော်တတ်သားပဲ😄 တွေ့တွေ့ချင်းလူကို ဟာသပြောတတ်တယ် ဒါနဲ့ မင်းကဘယ်မှာနေတာလဲ"

"ကျွန်တော်က ကိုရီးယားမှာနေတာပါ ခုနကရိပေါ်ပြောသလိုပဲ အလုပ်ကိစ္စကြောင့် ဒီကိုခဏရောက်တာ"

"အော်.."

"ရိပေါ် ငါမင်းကိုပြောစရာရှိတယ်"
ရိပေါ်က မေးထိုးပြတယ်။

Shadow you (U+Z) CompletedOnde histórias criam vida. Descubra agora