Shadow you(part-36)❣️

3K 294 39
                                    

#Unicode

Shooting ပြီးလို့အိမ်ပြန်လာတော့ အချိန်က 8နာရီထိုးနေပြီ..

"ရိပေါ် ကျန့်ကောကို ထိန်းဉီးလေ"

"ငါ့ကို အိတ်ပေး မင်းတွဲခဲ့"
ရိပေါ်က အိတ်ယူပြီး ရှေ့ကသွားတယ်။

"ဘာလဲဟ?"

"အကိုလမ်းလျှောက်နိုင်ပါတယ်စစ်ကျွေး တွဲဖို့မလိုပါဘူး"

"ရရဲ့လားကျန့်ကော ဒီကောင်လူမှု့ရေးနားမလည်ဘူး"

"သူက တစ်ခြားသူတွေကို နားလည်ပါတယ် အကို့အပေါ်ကိုပဲ..."
စကားအ​သွားအလာနားလည်တဲ့ စစ်ကျွေးခင်မျှာ အားနာမိနေသည်။

"ကျန့်ကောကပဲ ရိပေါ်ကိုဖြည့်တွေးပေးလိုက်ပါ သူအခုလိုတွေလုပ်နေတာက အပေါ်ယံတွေပါပဲ"
ရှောင်ကျန့် ပြုံးမိ၏။

ဂျောက်!
"ရိပေါ် လာငါတို့ထမင်းချက်မယ်"

"ဟာ...ဘာလို့လဲ အိပ်ချိန်တောင်ရောက်နေပြီကို"
အိပ်ယာပေါ်မှာ လူးလူးလိမ့်လိမ့်။

"အဲ့​ကြောင့်ပြောတယ် လမ်းမှာတုန်းကဆိုင်ထိုင်ရအောင်ပါဆို"

"လေကြောမရှည်နဲ့တော့လာ"

"မှာလိုက်ကွာ ငါရှင်းမယ်"

"လာစမ်းပါရိပေါ်ရာ အိမ်မှာပစ္စည်းအစုံရှိတယ် ကျန့်ကောနေ့လည်တည်းကဘာမှမစားရသေးဘူးနော်"
ရှောင်ကျန့်နဲ့သက်ဆိုင်တဲ့ သတင်းလေးကြားရုံနဲ့ ခေါင်းထောင်လာတဲ့ရိပေါ်။

"ဘာလုပ်ရမှာလဲ သူ့ဘာသူမစားတာလေ ငါတို့မကျွေးတာမှမဟုတ်တာ"

"မင်းအခန်းသူရိုက်ရမှာမလို့ မစားလိုက်ရတာလေ ကျစ်! အချိန်နောက်ကျတယ်နော် လာစမ်းပါရိပေါ်ရာ"
ထို့နောက် ဘောက်စပ်စပ်နဲ့ စစ်ကျွေးခေါ်ရာပါသွားတော့သည်။

🌶🌶🌶🌶🌶🌶🌶🌶

"ကျန့်ကော စားနော် အားမနာနဲ့ ကျွန်တော်တို့ဆီရောကတည်းက ကျွန်တော်ကမကျွေးရဘူး ကျန့်ကောကပဲကျွေးနေရတာ"
ရှောင်ကျန့်ကို အလယ်မှာထားပြီး တစ်ဖက်ဆီမှာ သူတို့နှစ်ယောက်ထိုင်ကြသည်။

"မဟုတ်တာစစ်ကျွေးရာ ညစာလေးပဲကိုဘာလို့အဲ့လောက်လုပ်ထားရတာလဲ"

Shadow you (U+Z) CompletedHikayelerin yaşadığı yer. Şimdi keşfedin