Shadow you(part-12)❣️

4.6K 461 16
                                    

#Unicode

ညစာ စားပြီးတော့ သိမ်းဆည်းနေတဲ့ ရှောင်ကျန့်
"စားလို့အဆင်ပြေရဲ့လားရိပေါ်။ အခုရောနေရတာဘယ်လိုလဲ"

ရိပေါ်က ကုတင်ပေါ်မှာ ခေါင်းအုန်းကို ​ကျောမှီပြီး သက်သောင့်သက်သာအနေအထားမှာထိုင်နေတယ်။
"အ..အမ်း  အကုန်ပြေတယ်"

အလုပ်လုပ်နေတဲ့ ရှောင်ကျန့်ကို မျက်တောင်မခတ်ဘဲ လိုက်ကြည့်နေတဲ့ ရိပေါ်။
"တော်ရုံကြည့်တာပဲ ကောင်းမယ်နော် ခလေး"

"ကြည့်..ကြည့်မနေဘူး။ နေပါဦး ကျွန်တော့်မျက်လုံးနဲ့ကျွန်တော်ကြည့်ချင်တဲ့နေရာကြည့်မှာပေါ့🙁။ ပြီးတော့ ခင်ဗျား ညနေရောက်ကတည်းက ခလေးခလေးနဲ့ ဘာဖြစ်နေတာလဲ🤨"

ရှောင်ကျန့် ထိုစကားကြောင့် လုပ်လက်စအလုပ်ကိုရပ်လိုက်တယ်။

"ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်"
ရိပေါ်ဆီကို တစ်ဖြေးဖြေးဦးတည်လာတဲ့ ခြေလှမ်းတွေ..

(shit! သေစမ်း ဘာလို့ အလုပ်ဆက်မလုပ်ဘဲ ငါ့ဆီလာနေတာလဲ)

ထိုင်နေတဲ့ ရိပေါ်ရဲ့မျက်နှာ နားကိုကပ်လာတဲ့ ရှောင်ကျန့်ရဲ့မျက်နှာ

"ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ"

ရိပေါ်မှာ ရှောင်ကျန့်မျက်နှာ ကပ်လာတာနဲ့အမျှ ရင်တွေလည်း ခုန်လာသည်။ ထို့နောက် အသံတိုးတိုးလေးနဲ့ ပြောလိုက်တာက..

"ကျန့်ကော"

"မဟုတ်သေးပါဘူး။ ခုနက အဲ့ထက်ရင့်တဲ့စကားခေါ်လိုက်တာပါ။ တစ်ကယ်ဆို မင်းကိုယ့်ကို အဲ့လိုခေါ်တာမဟုတ်ပါဘူး" (ကိုကို လို့ခေါ်စေချင်နေတာ🤧)

ရိပေါ်က စိုက်ကြည့်နေတဲ့ရှောင်ကျန့်မျက်လုံးတွေကို ကြာကြာမကြည့်ရဲ...

"အား..ခေါင်းကိုက်လိုက်တာ!"

မျက်လုံးနှစ်လုံးကို စုံမှတ်ပြီး နားထင်ကိုလက်နဲ့ဖိကာ အတင်းအော်နေတဲ့ ရိပေါ်ကို ရှောင်ကျန့်တော်တော်အူတွေယားနေသည်။

"Oh... ကျွန်တော်ခေါင်းတွေကိုက်နေတယ်။ မှေးလိုက်ဦးမယ်နော်။ ကျန့်ကောလည်း လုပ်စရာရှိတာလုပ်လိုက်ပါ"

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora