Shadow you (part-5)❣️

5.4K 473 34
                                    

#Unicode

🌄🌄🕊️🕊️

ဒေါက်~~ဒေါက်

"ဝမ်ရိပေါ် ထတော့ 6:30 နေပြီ။ သင်တန်းသွားဖို့ပြင်တော့"

ရှောင်ကျန့် ရိပေါ်ကို နိုးပြီးထွက်သွားတော့သည်။

ဒီလိုနှင့် အချိန်ကား 7:00 ထိုး....

လက်ဖြင့် တံခါးကို ရိုက်ပြီး...

"ဝမ်ရိပေါ်! မင်းမထသေးဘူးလား?"

"........"

"မင်းနိုးနေမှန်း သိတယ်နော်။ ငါ့ကို အခန်းထဲဝင်လာရအောင်မလုပ်နဲ့"

ဂျောက်!~~~~

"ရေချိုးပြီး ဆင်းခဲ့ပါ့မယ်🙁။"

"မင်းနောက်ကျရင် မနက်စာ မင်းငတ်မှာပဲ"

ပြောပြီး အောက်ထပ်ကို ဆင်းလာတယ်။

🍚🥗🍛🍲~~

"သခင်လေး ဒီနေ့ဘာလို့ မနက်စာကို နှစ်ယောက်စာပြင်ခိုင်းတာလဲ"

"ဟုတ်တယ် အန်တီရင် ကျွန်တော့် သင်တန်းသားတစ်ယောက်ကို ခေါ်ထားလို့ပါ။ ပြီးတော့ အန်တီရင် ရှေ့လျှောက်လဲ မနက်စာမှမဟုတ်ဘူး အကုန်လုံးကို နှစ်ယောက်စာပြင်ထားပေးပါ"

"ဟုတ်ကဲ့ ကောင်းပါပြီ သခင်လေး"

ရှောင်ကျန့်မနက်စာ စားနေရင်း...

"Morning ပါ ကျန့်ကော"

ရှောင်ကျန့် ကရိပေါ်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်တော့...

"မင်းသင်တန်းသွားမှာလား ရိုက်ကွင်းသွားမှာလား?"

"သင်တန်းလေ ကျန့်ကော မေ့သွားတာလား😅"

"ဘယ်လိုပုံစံတွေ ဝတ်လာတာလဲ"

"Aww ဒါလား ကျွန်တော့်မှာ ဒီလိုတွေပဲရှိတယ်"

ရှောင်ကျန့်က မနက်စာသာ ဆက်စားတော့တယ်။

"သခင်လေး သူက..."

"သူက ကျွန်တော့်သင်တန်းသားအသစ်ပါ။ သူ့နာမည်ကဝမ်ရိပေါ်"

"ရိပေါ် သူက အန်တီရင်။ ဒီအိမ်ကိုစောင့်ရှောက်ပေးတဲ့သူ။ မနက် ၇နာရီလာပြီး ညနေ၆နာရီဆို ပြန်တယ်"

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora