Shadow you(part-35)❣️

3.1K 319 37
                                    

#Unicode

"စစ်ကျွေး မင်းမလား"
ရိပေါ်ရဲ့ အတတ်နိုင်ဆုံးလျော့ထားသော ဒေါသလေသံ။

"ဘာလဲ😑 ငါမဟုတ်ပါဘူး မင်း မင်း🙄 ငါနေ့လည်ကပြောတယ်လေ ဧည့်သည်ရောက်နေတယ်လို့ မင်းဘာသာမင်း နားမထောင်တာ"

"ငါအခု နောက်နေတယ်ထင်နေတာ"

"ငါပြောတာရော အမှန်မဟုတ်လို့လား"
နှစ်ယောက်သမား အပြိုင်ခွပ်နေတာကြောင့် ကြားက ရှောင်ကျန့် မနေနိုင်တော့

"ဟို...တော်ပါတော့ အကို့ကြောင့်နဲ့ မင်းတို့ရန်ဖြစ်တော့မယ် ခလေးကိုယ် ခလေးကိုတောင်း..!"

"ကျွန်တော် ခင်ဗျားကို စကားပြောခွင့်ပေးလို့လား"
ရှောင်ကျန့်ပြောမည့်စကားလုံးတွေဆွံအသွားသည့်တိုင် ပြန်ပြောလိုက်တဲ့ ရိပေါ်ရဲ့အ​ချေစကားတွေ။ ထို့နောက် စစ်ကျွေးဘက်လှည့်ကာ နေထိုင်တဲ့နိုင်ငံရဲ့ဘာသာစကားနဲ့ပြောလိုက်တဲ့ ရိပေါ်။

"မင်းအမှားအတွက် မင်းပြန်ပြီးတာဝန်ယူ စစ်ကျွေး သူဒီမှာရှိမယ်ဆို ငါမနေနိုင်ဘူး မနက်ဖြန် ငါ့အိမ်ငါပြန်မယ်"
ရိပေါ်ရဲ့ ဘာမှန်းမသိတဲ့korean spokenမှာ ကြွေဆင်းသွားတဲ့ရှောင်ကျန့် translator စစ်ကျွေးကို ကြည့်လိုက်တော့

"😅😅...ဘာမှမဟုတ်ဘူး ကျန့်ကော ကျွန်တော်ချောကြောင်းပြောနေတာ"

"စစ်ကျွေး!😠"

"ဘာလဲ အသာခေါ်ပါ ညကြီးနော် အပြင်က သရဲမက ငါ့နာမည်ကြားသွားလိမ့်မယ်🙄"

"ပေါတောတော လုပ်မနေနဲ့!😠"

"ကျစ်! အားယား သူငယ်ချင်းရာ ငါပြောပြမယ် အရင်ဆို ဒီအိမ်ကြီးမှာ မင်းရယ်ငါရယ်နှစ်ယောက်ထဲ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ခုဆိုကြည့် အဖော်အသစ်တစ်ယောက်ရသလို အားကိုးလို့လဲရပြီ ဦးနှောက်နဲ့ စဥ်းစားစမ်းပါ"

ထို့နောက် korean language နဲ့ပဲ ထပ်ပြောတဲ့ ရိပေါ်။
"မင်းဘာသာ အဖော်ကြီးနဲ့နေခဲ့ ငါတော့တစ်စက်လေးမှမနေနိုင်ဘူး"

ရှောင်ကျန့် မျက်ဝန်းတွေက ရိပေါ်စကားတွေရဲ့ အဓိပ္ပါယ်ကိုသိချင်စိတ်ပြင်းပြနေပုံများ အရောင်ရွှန်းလဲ့နေသည်။
ရိပေါ်က ပြောပြီး သူအရင်ထွက်သွားတော့..

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora