Shadow you(part-34)❣️

2.9K 295 26
                                    

#Unicode

🍁🍁🍁🍁🍁🍁🍁🍁

"ကျွန်တော့်ကို မှတ်မိပြီလား..."

တင်းကြပ်စွာ ပွေ့ဖက်ထားတဲ့ ရိပေါ် ကိုယ်လေးကိုခွာလိုက်ပြီး ပါးလေးကို ဖွဖွလေး လက်နဲ့အုပ်လိုက်တယ်။
ရှောင်ကျန့်တစ်ယောက် ငိုထားလိုက်ပုံများ မျက်ခမ်းစပ်လေးတွေနဲ့ နှာထိပ်လေး ရဲလို့။

"ဒါဘယ်လိုဖြစ်တာလဲ အရင်ဆုံး ကိုယ့်ကိုပြောပြပါ"

ရှောင်ကျန့်ပုံစံကြည့်ပြီး သနားမိသွားတဲ့ ရိပေါ်လေးက သူ့မေးခွန်းကို နောက်ဆုတ်ပြီး ရှောင်ကျန့်ရဲ့ အမေးကို ဖြေပေးလိုက်တယ်။
________________

"so..sorry ပါဗျာ ရလားအကိုအဆင်ပြေရဲ့လား"

"ရတယ် ရတယ် ကိစ္စမရှိဘူး"

ရိပေါ် သွားရင်းလူတစ်ယောက်နဲ့တိုက်မိလိုက်သည်။ ထိုသူရဲ့တောင်းပန်တာပဲလက်ခံကာ ကားဆီသာအမြန်သွားတယ်။

"အကို"

"မင်း..ခုနကသူမလား ရပါတယ် အကိုဘာမှမဖြစ်ပါဘူး"

"ဟုတ်...ဟုတ်ကဲ့ အကို ကျွန်..ကျွန်တော့်ကို အကူညီတစ်ခုလောက်ပေးပါ့လား"

ပုံစံကစုတ်နွမ်းလှသည်။ ညစ်ပေနေတဲ့ အဝတ်စားတွေဝတ်ဆင်ထားတဲ့သူ။ ရာသီဥတုရဲ့ အအေးဒဏ်ကို မလုံတဲ့အနွေးထည်လေးဝတ်ကာ ခေါင်းစွတ်လေးစွတ်ထားတဲ့သူ။

"ကျွန်တော်မှာ အိမ်ပြန်ဖို့ လမ်းစရိတ်လဲမရှိသလို နေဖို့စားဖို့လည်း ပိုက်ဆံမရှိပါဘူး"

"မင်းက ဒီကိုဘယ်လိုရောက်လာတာလဲ မင်းအိမ်ကရောဘယ်မှာလဲ"

"ကျွန်တော်ဒီကို မကောင်းတဲ့လူတစ်ယောက်ကြောင့်ရောက်လာရတာပါ အဲ့လူကကျွန်တော့်ဆီပါသမျှ ပိုက်ဆံတွေအကုန်လိမ်သွားတာ ပြီးတော့ ကျွန်တော့်ကိုနှိပ်စက်တယ် ကျွန်တော်အဲ့လူလက်ထဲက အသက်စွန့်ပြီးပြေးလာရတာ အခုကျွန်တော့်ကို လိုက်ရှာနေကြတယ် ကျွန်တော့်မွေးရပ်ကိုပြန်မှဖြစ်မယ်အကို ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ"

တုန်တုန်ရီရီနဲ့ မျက်နှာကလည်းဖြူဖတ်ဖြူရော်နဲ့အားမရှိ။ အဆိုးဆုံးက ဖိနပ်တောင်မပါ။

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora