Shadow you(part-16)❣️

4K 395 18
                                    

#Unicode

ကျေးဌက်လေးတွေရဲ့ အသံဆာဆာလေးတွေနဲ့အတူ သာယာလှတဲ့ နံနက်ခင်းလေး...

☕️🍰☕️🍰☕️🍰

"စားပြီးရင် အိမ်သန့်ရှင်းရေး လုပ်ရမယ်နော် ခလေး"

"ဟမ်....😟 သင်တန်းမှာလဲ ပင်ပန်းထားတာ နားလို့မရဘူးလား..ဒီပန်းကန်တွေဆေးပေးမယ်လေ"

ရိပေါ်ရဲ့ သနားကမားနဲ့ အသနားခံနေတဲ့ရုပ်ကို ရယ်ချင်ပေမဲ့ ခပ်တည်တည်နဲ့ပဲပြန်ပြောလိုက်တယ်။

"စည်းကမ်းက စည်းကမ်းပဲ"

"😒"

"ကိုကို အပြင်သွားစရာရှိတယ် မကြာဘူး သန့်ရှင်းရေးလုပ်ထား"

"😒"

တီတောင်!(bell တီးသံနော် 😆😆)

"ဘယ်ဧည့်သည်နဲ့မှ တွေ့ဖို့ချိန်းမထားပါဘူး။ ခလေးချိန်းထားသေးလား"

"no"

ရှောင်ကျန့်က တံခါးသွားဖွင့်လိုက်သည်။ ရိပေါ်ကလည်း နောက်က လိုက်လာတယ်။

တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရတာက မျှော်လင့်မထားတဲ့ ဧည့်သည်...

"လင်ရှင်း!!!"

လင်ရှင်းက ပန်းစည်းအနီကို ကိုင်ပြီး တံခါးရှေ့မှာ အပြုံးနဲ့ ရပ်နေတယ်။

"ကျန့်ကော...ရိပေါ်"

"အိမ်ထဲဝင်ပါ"

ရှောင်ကျန့် စိတ်ပူပေမဲ့ ဝတ်တရားအရ ခေါ်လိုက်ရသည်။

"ရိပေါ် ပန်းစည်းကို လက်ခံပေးပါ။ ပြီးတော့ ငါတောင်းပန်ပါတယ်။ ငါတစ်ကယ်ကို တောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပေးပါ"

လင်ရှင်းမှာ မျက်လွှာချပြီး ခေါင်းငုံ့ကာ ခွင့်လွှတ်မှု့ကို ခံယူနေသည်။ ရိပေါ်က လင်ရှင်းပေးတဲ့ ပန်းကိုယူပြီး...

"ဘာလို့တောင်းပန်တာလဲ။ ဘာအကြောင်းကြောင့်လဲ။ ပြီးတော့ မင်းတောင်းပန်ရမှာ ငါမဟုတ်ဘူး ကျန့်ကောပဲ"

လင်ရှင်းမှာ မျက်လွှာချစမြဲ...

"ကျွန်တော် နှစ်ယောက်လုံးရဲ့ နားလည်ပေးမှု့ကို လိုချင်တာပါ။ တစ်ကယ်တော့ ကျွန်တော် အဲဒီ့နေ့က အကြောင်းစုံကို အကုန်ကြားလိုက်ပါတယ်။ ကျွန်တော့်ရဲ့ မားဆုံးရတာ ကျန့်ကောရဲ့ မိဘတွေကြောင့်လို့ ပြောလို့ ကျွန်တော် ကူညီမိတာပါ။ ကျန့်ကော ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ပါးလုပ်ခဲ့တာတွေကိုလည်း ခွင့်လွှတ်ပေးပါ။"

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora