Shadow you(part-19)❣️

3.9K 360 25
                                    

#Unicode

သာယာလှတဲ့ နံနက်ခင်းလေးတစ်ခု.....

ရှောင်ကျန့်လက်မောင်းကို ခေါင်းအုံးသဖွယ်အုံးပြီး အိပ်ပျော်နေတဲ့ ရိပေါ်လေး။ ခဏကြာတော့ သူနိုးလာတယ်။ မျက်လုံးလေးနှစ်လုံးဖွင့်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်ရတာက ကျယ်ပြန့်ပြီး နို့နှစ်ရောင်အသားအရည်ရှိတဲ့ ရင်ပြင်ကြီး။

ရိပေါ်...ရှောင်ကျန့်ရဲ့ ရင်ဘက်ကို ဆော့နေတယ်။ လက်ညိုးလေးနဲ့ ဟိုနားထိလိုက် ဒီနားထိလိုက်နဲ့ မထိတထိလုပ်နေသည်။ ရင်ဘက်အပေါ်ကနေ အဖုအထစ်လေးတွေရှိတဲ့နေရာထိ  လက်ညိုးလေးကို အောက်ဆင်းချလိုက် အပေါ်ကိုပြန်တက်လိုက် (စောင်ကခါးထိ ခြုံထားတာနော် 🤭) ရှောင်ကျန့်ရဲ့ ဘယ်ဘက်ရင်အုံကို သူ့ရဲ့နာမည်လေးရေးလိုက်နဲ့ သဘောတွေကျနေသည်။

ရှောင်ကျန့်ကို မော့ကြည့်ပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ။ သူဖြေးဖြေးလေးထပြီး ရှောင်ကျန့်ကို အပေါ်ကနေမိုးကြည့်နေတယ်။ သူ့ကိုကိုရဲ့ ချောမောမှု့တွေကို တစ်စိမ့်စိမ့်နဲ့ကို ကြည့်နေတာ (ငါ့လည်းခေါ်ကြပါဦး ကြည့်ချင်လို့ 🌚) ခဏကြာတော့ သူအိပ်ယာပေါ်ကနေ ဆင်းလိုက်တယ်။ ကြမ်းပြင်ကို ခြေထောက်အစုံ ရပ်မိလိုက်တာနဲ့ ခါးရိုးမြှောင်းကနေ အောက်ပိုင်းတွေထိ စူးခနဲဖြစ်တဲ့နာကျင်မှု့ကို ခံစားလိုက်ရသည်။

"Ah!..."

မထင်မှတ်ထားတဲ့ နာကျင်မှု့ကြောင့် နှုတ်ခမ်းဖျားကနေ အာမေဋိတ််သံတောင် ထွက်မိတယ်။
"ကျစ်ကျစ်... နာလိုက်တာ  ဘယ်လောက်တောင်လုပ်လိုက်လဲမသိဘူး သေတော့မှာပဲ😖😖"

ရိပေါ် သူ့ကိုယ်သူပြန်ကြည့်မိလိုက်တော့ အပြာနုရောင်ညအိပ်ဝတ်စုံလေးနဲ့ဖြစ်နေတယ်။ ဝတ်စုံမှာလဲ ကာတွန်းရုပ်လေးတွေနဲ့။
"ငါ့ကို ကိုကိုလဲပေးထားတယ်ထင်တယ်..ဟက် ကလေးကလား"

ရိပေါ် သူ့ခါးလေးကိုကိုင်ပြီး ကွတကွတနဲ့ ရှောင်ကျန့်အခန်းကနေ သူ့အခန်းကို ဖြေးဖြေးချင်း ကူးလာပြီး အခန်းထဲရောက်တော့ ရေချိုးခန်းကို ဝင်လိုက်တယ်။ ရေချိုးခန်းမှာရှိတဲ့ မှန်ရှေ့မှာ ရပ်ပြီး သူ့ကိုယ်သူကြည့်ကာ ရီမိသွားပြန်သည်။

Shadow you (U+Z) CompletedDove le storie prendono vita. Scoprilo ora