Shadow you(part-17)❣️

4.1K 414 14
                                    

#Unicode

❤️💚❤️💚❤️💚

"စစ်ကျွေး မင်းကုမ္မဏီကဘယ်နားမှာလဲ ငါတို့ သင်တန်းသွားရင်း လိုက်ပို့ပေးမယ်လေ"

"ရတယ် ငါ့ဘာသာငါ သွားမယ် လုပ်စရာလေးတွေလဲ ရှိနေသေးလို့"

"အေးပြီးရော"

"ဒါနဲ့ သင်တန်းက ဒီနေ့ဖွင့်ပြီပေါ့"

"အေး"

"ငါလည်း မအားသေးလို့ မဟုတ်ရင် မင်းသင်တန်းကိုလိုက်တယ်"
ရှောင်ကျန့် မုန့်စားရင်း စစ်ကျွေးကို ကြည့်မိတယ်။

"ဘာလို့လဲ"

"ရောက်ဖူးတယ်ရှိအောင်ပေါ့ ပြီးတော့ BG တစ်ယောက်က ဘယ်လိုတွေလေ့ကျင့်ရလဲ သိချင်လို့ပေါ့ကွာ"

"မင်းသာ အားအောင်လုပ်..ငါကခေါ်ဖို့အသင့်ပဲ"
ဒီတစ်ခါတော့ ရှောင်ကျန့်  ရိပေါ်ကိုကြည့်လိုက်တယ်။ သူတို့နှစ်ယောက်က ရှောင်ကျန့်ကို အလယ်မှာထားပြီး မျက်နှာချင်းဆိုင် ထိုင်ကာ မနက်စာစားရင်း ပြောနေကြသည်။

"အော်...အန်တီရင် ဒါကျွန်တော့် သူငယ်ချင်း စစ်ကျွေးလို့ပဲ ခေါ်လို့ရတယ်"

"သားလေးက မျက်နှာနဲနဲလေးကွဲတယ်နော်"

"Annyeonghaseyo (အညာစင်ယော်😁)"
နှုတ်ဆက်ပုံကြောင့် ရှောင်ကျန့်ရော အန်တီရင်ပါ စစ်ကျွေးကို အံ့သြသွားသည်။

"Ni hao😄။ ကျွန်တော်က ကိုရီးယားစပ်တာပါ"

"အော်...အဲ့တာကြောင့်ကိုး"

"ရိပေါ် စားပြီးပြီးလား သွားမယ်။ စစ်ကျွေးအဲ့တာဆို အကိုတို့ လိုက်မပို့တော့ဘူးနော် ဖြစ်တယ်မလား"

"ရတယ် ကျန့်ကော။ ကျွန်တော် သွားတတ်ပါတယ်"
.
.
.
.
လင်အိမ်တော်~~~
"ပါး ကျွန်တော် ဒီလကုန်ရင် Australia ကိုသွားတော့မယ် အဲ့မှာ အလုပ်တစ်ခုလုပ်ပြီး အခြေချမလို့..ပါး..သားနဲ့ လိုက်ခဲ့ပါ့လား"

"မင်းကို ဘယ်လိုသင်ထားလဲ လင်ရှင်း။ ဘာလို့ထွက်ပြေးတဲ့ အကြောင်းတွေပဲ ပြောနေတာလဲ။ ပြီးတော့ ဘာကိစ္စငါက လိုက်ရမှာလဲ။ သွားချင်ရင် မင်းဘာသာမင်းသွား။ မင်းဟာလေ မင်းအမေအတိုင်းပဲ အရမ်းပျော့ညံ့တယ်"

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora