Shadow you(part-10)❣️

4.5K 446 13
                                    

#Unicode

အေးစက်စိုထိုင်းပြီး မကောင်းတဲ့အငွေ့အသက်တွေပြည့်နေသော ခြောက်ခြားဖွယ်နေရာကြီးတစ်ခု.....
မေ့ဆေးအရှိန်က ခေါင်းထဲမှာခုထိရီဝေနေတုန်း။ မတတ်သာသော်လည်း အားယူပြီးမျက်လုံးကိုဖွင့်လိုက်ရတယ်။

"ဟေး...ကောင်လေး နိုးလာပြီလား။ မင်းကံကောင်းသွားတယ်။ ငါတို့က အခုပဲမင်းရဲ့မျက်နှာချောချောလေးကို ရေနဲ့ပက်နိုးတော့မလို့ကွ..ဟားဟားဟား.."

သံတိုင်လုံးမှာ လက်ကောခြေထောက်ကော ကြိုးနဲ့ အချည်ခံထားတဲ့ ရိပေါ်။ သူရဲ့ဘေးပတ်လည်မှာလည်း ထွားကျိုင်းသန်မာတဲ့ လူတစ်စု။
ငိုက်စိုက်ကျနေတဲ့ ခေါင်းလေးကနေ တိုးတိုးလေးနဲ့ပထမဆုံးပြောမိတဲ့ စကားလုံးလေးက..

"ကျန့်..ကော"

"ကောင်လေး ဘာပြောလိုက်တာလဲ"

သူ့ရှေ့မှာ ကြုံးဝါးနေတဲ့လူကြီးကိုစိုက်ကြည့်ပြီး...

"ခင်ဗျားတို့က ကျွန်တော့်ကို နှိပ်စက်ကြမှာမလား။ သနားသောအားဖြင့် ထိုင်ခုံလေးပေးကြပါလား။မတ်တပ်ရပ်ကြီးနဲ့ နှိပ်စက်ခံနေရရင် ညောင်းလို့"

"ကျစ်..ဒီကောင်!"
ရိပေါ်ကို လက်ပြန်ရိုက်ဖို့ရွယ်လိုက်တယ်။

"နေဉီး!"
သြဇာအာဏာကိုအမြဲပေးနေတဲ့ လူတစ်ယောက်ရဲ့ လေယူလေသိမ်း။ အသံနဲ့အတူ ပေါ်လာတဲ့ လူကြီးလူကောင်းတစ်ယောက်။

"မင်းကို ဘယ်သူက သူ့ကိုရိုက်ခိုင်းလို့လဲ"

"ကျွန်.ကျွန်တော်တောင်းပန်ပါတယ်သခင်ကြီး"

သခင်ကြီးက သူ့ကိုစိုက်ကြည့်နေတဲ့ ရိပေါ်ကိုကြည့်ပြီး..

"ဒီအချိန်လောက်ဆို ရှောင်ကျန့်ပြာယာခတ်နေလောက်ပြီ"
သူ့အကြံအောင်မြင်တယ်ဆိုတဲ့ အပြုံးမျိုးနဲ့ပြုံးကာ

"မင်း ph no ​ဘယ်လောက်လဲ ကောင်လေး"(ph ကရိပေါ်ရဲ့ လွယ်အိတ်ထဲမှာရှိနေတာပါ။ ရိပေါ်ကို ဖမ်းခေါ်လာတော့လွယ်အိတ်လေးကျန်ခဲ့တာပါ။)

"မသိဘူး"

"ဘာ!"

"ကျွန်တော်တစ်ကယ်မသိတာ။ ကျွန်တော်က လူကြီးတစ်ယောက်ကို လိမ်မပြောပါဘူးဗျာ။ မနေ့တစ်နေ့ကမှ ဒီကိုရောက်တာမလို့ ph no မကျက်ရသေးဘူး😅"

Shadow you (U+Z) CompletedDonde viven las historias. Descúbrelo ahora