Shadow you(part-23)❣️

3.3K 295 18
                                    

#Unicode

💒~~💒~~💒

"ဘာကံလဲကွာ...ခရီးကပင်ပန်းတာအရှိန်မပြေသေးတာကို😣 အဲ့နားပိုနာတယ် ယောင်နေပြီလားမသိဘူး ကျစ်ကျစ်..😣😣" (အိပ်ယာပေါ်တွင် မှောက်ယက်အနေအထား)

"ကိုကိုသေချာလုပ်ပေးမယ် ခဏလေး သည်းခံ" (ဘာတွေလဲ 😳😶)

"သူမှားတာ သူ့ကိုအပြစ်ပေးတာမဟုတ်ဘူး ဘာလို့ တစ်ဖွဲ့လုံးလဲဗျာ☹️"

"ကိုယ့်ရဲ့ညီအစ်ကိုတွေပဲ ခံရင်လည်းတူတူ စံရင်လည်းတူတူပဲပေါ့ သူ့နေရာမှာခလေးဖြစ်နေရင်လည်း ခလေးနဲ့တူတူသူတို့လည်း အပြစ်ပေးခံရမှာပဲ"

"ဒါပေမဲ့ အပြစ်ကကြမ်းလွန်းတယ် မထင်ဘူးလား"

"ဒါ ကိုကို ခလေးကိုကြည့်ပြီး လျော့ပေးထားတာ"

"😖 ကျစ်ကျစ်~~ကောင်မလေးတွေလဲ သနားပါတယ် သူတို့ခွေတောင်ကျသွားတာ"

"ဒါက နောက်ဆိုအမှတ်တရတစ်ခုလိုဖြစ်သွားမှာ"
ဒီနေ့ သင်တန်းမှာ လေ့ကျင်းရေးကွင်းဆင်းနေရင်း ကျောင်းသားတစ်ယောက်ရဲ့ အမှားကြောင့် တစ်ဖွဲ့လုံးအပြစ်ပေးခံရသည်။

"ဒီလိုအပြစ်ပေးနည်းမျိုး ကိုကိုဘယ်လိုတောင်စဥ်းစားမိတာလဲ 😕"
ရှောင်ကျန့် ပြုံးမိရင်း...

"ဘာလို့လဲ?"

"မြင်းထိုင်ခိုင်းပြီး အပေါ်မှာ သဲအိတ်ထမ်းခိုင်းမှတော့ တစ်ကိုယ်လုံးကို ကိုင်ပေါက်လိုက်တဲ့ အတိုင်းပဲ😒"

"အောက်ပိုင်းတွေရောလား?"

"တစ်ကိုယ်လုံးပါဆိုဗျာ ခါးတွေရောပဲ.. နေပါဦး မနာရင်ဘာလုပ်မလို့လဲ😕"

"ဘာလုပ်စေချင်လို့လဲ😏"

"😑ကိုကိုသွားတော့ ရပြီ သက်သာသွားလိမ့်မယ်" (ခလေးလန့်နေပုံရတယ် 😂)

"ခုမှ စတုန်းရှိသေးတယ် ဘာလို့နှင်လွှတ်နေတာလဲ ထပ်လုပ်ရဦးမှာ မဟုတ်ရင် ဒဏ်ကအကြာကြီးကျန်လိမ့်မယ်"
ရိပေါ်ရဲ့ အင်္ကျီကင်းမဲ့နေတဲ့ဇုန်လေး.. နောက်ကျောနဲ့ လက်ပြင်လေးကို ဆေးဂျယ်လေးလိမ်းပေးနေသည်။

"ခါးကိုတော့ ပလာစတာကပ်ပေးမယ်"

"အမ်းအမ်း😒"
ဆေးလိမ်းဆေးကပ် ကိစ္စပြီးသွားတော့ အင်္ကျီလေးဝတ်ပြီးသက်သောင့်သက်သာအနေအထားမှာထိုင်လိုက်တယ်။

Shadow you (U+Z) CompletedWhere stories live. Discover now