Shadow you(part-11)❣️

4.5K 460 19
                                    

#Unicode

စိမ်းသက်သက်ဆန်လှတဲ့ ပိုးသတ်ဆေးအနံ့ကြီး..
ကျွတ်စိကျွတ်စိနဲ့ ထွက်နေတဲ့ လူသံတွေ..
သေခြင်းတရားကိုအံတုနေကြတဲ့ သူတို့..သူတို့ထဲမှာမှ တစ်ယောက်သောသူအတွက်သာ ဆုတောင်းမိနေတဲ့ ကျွန်တော်။

"ကျန့်ကော လက်ကိုဆေးသွားထည့်လိုက်ပါ။ ကျွန်တော်စောင့်ကြည့်နေပါ့မယ်"

Operating room ရဲ့ရှေ့က ထိုင်ခုံမှာ လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခေါင်းစိုက်ကြနေတဲ့ရှောင်ကျန့်က ကျန်းချန်း ကိုမော့ကြည့်ပြီး..

"ကျန်းချန်း...ရိပေါ်ဝင်သွားတာကြာနေပြီ။ ဘာဖြစ်လို့လဲ။ သူခက်ခဲနေတာလား။ငါ...ငါဒီနေရာကနေဘယ်မှမသွားဘူး ကျန်းချန်း"

ပြောရင်းနဲ့ပင် အသံတွေတုန်လာတဲ့ ရှောင်ကျန့်။ သူ့ဆရာအရမ်းခံစားနေရတာကိုမြင်တော့ ကျန်းချန်းဘာမှမပြောနိုင်တော့ဘဲ ရှောင်ကျန့်ရဲ့ မျက်နှာချင်းဆိုင်မှာပဲထိုင်ပြီး ရိပေါ်အတွက်သာဆုတောင်းပေးနေတော့သည်။

ခဏကြာတော့ ထိုအခန်းမှ doctorတစ်ဉီးထွက်လာသည်။ ရှောင်ကျန့်အတွက်တော့ အလင်းတန်းလေးပေါ်လာသလိုပင်။

"ဆရာ..ဆရာ လူနာဘယ်လိုနေလဲဟင်"
ဆရာဝန်က surgical mask ဖြုတ်ပြီး မျက်မှန်ကိုပင့်တင်ကာ တော်တော်ကြိုးစားလိုက်ရသော လေသံဖြင့်..

"ကျွန်တော်တို့ operation အောင်မြင်ပါတယ်။ လူနာ အသက်အန္တရာယ်စိုးရိမ်စရာမလိုတော့ပါဘူး။ သူရဲ့ခါးကို ကျည်က တစ်လက်မလောက်ပဲဝင်သွားလို့ပေါ့။ မဟုတ်လို့ကတော့ တစ်ခြားအစိတ်အပိုင်းတွေထိခိုက်ပြီးမလွယ်ဘူး။"

ရှောင်ကျန့်မှာ ခုမှအသက်ရှုချောင်သွားတော့သည်။

"ခါးကို အဝတ်စစည်းပေးခဲ့တာမှန်တယ်(ရှောင်ကျန့်က ရိပေါ်ရဲ့ခါးကိုအဝတ်စနဲ့ တင်းကျပ်အောင်စည်းပြီး ဆေးရုံကိုလာခဲ့တာပါ)။လူနာရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်။ ကျွန်တော်တို့ operation လုပ်နေချိန်မှာ လူနာရဲ့သွေးပေါင်ချိန်ထိုးကျသွားတယ်။ ဒါပေမဲ့ သူအသက်ရှင်ချင်စိတ်အရမ်းပျင်းပြနေတယ်ပြောရမယ် တစ်ချက်သတိမလစ်သွားဘူး။ သူကြိုးစားသလို ကျွန်တော်တို့ကလည်း ကြိုးစားကြလို့ ခွဲစိတ်မှု့ကြီးအောင်အောင်မြင်မြင်နဲ့ပြီးသွားတာပါ။"

Shadow you (U+Z) CompletedOù les histoires vivent. Découvrez maintenant