အပိုင်း(၁)

17K 621 17
                                    

[Zawgyi]
"ကလင်..ကလင်"

"ဟဲလို"

"သေနာလေး ဘယ်သွားသေနေလို့ အခုမှကိုင်ရတာလဲဟ"

ဖုန်းထဲမှယူဘင်းကအော်လိုက်တော့ ရှောင်ကျန့် အိပ်ချင်စိတ်တွေတောင်ပျောက်ကာလန့်ပြီးထထိုင်မိတယ်

" လန့်တာကွာ..ဘာတုန်း"

"ဟျောင့်မင်းမနေ့က ဂိမ်းဆော့နေတာမိုးလင်းမှအိပ်မယ်ဆိုတာသိလို့
ဟောဒီကသူတော်ကောင်းသူငယ်ချင်းလေးကသတိတရနှိုးပေးတာပါခင်ဗျာ မင်းဒီနေ့အလုပ်သင်ပထမဆုံးနေ့လေ
မေ့များနေလား "

ယူဘင်းပြောခါမှသတိရသွားပြီး နာရီကြည့်မိတော့ 7 ခွဲတော့မယ်

"ချီးပဲကွာ....ငါနောက်ကျတော့မယ်..မနေ့ကမင်းတို့ကောင်တွေနှိပ်စက်ပြီးဂိမ်းဆော့ခိုင်းလို့ကွ...ဒါပဲကွာ"

ဖုန်းကိုဂွပ်ခနဲချလိုက်ပြီး ကမန်းကတန်းပြင်ဆင်ရတော့သည် အခန်းတံခါးကိုသေချာသော့ခတ်ပြီးနောက် တက္ကစီအပြေးငှားကာ ထွက်လာခဲ့သည်

"ဦးလေး ဒီလိပ်စာအတိုင်း အမြန်လေးမောင်းပေးပါ"

ရှောင်ကျန့်ကတစ်ဦးတည်းသောသားဖြစ်တဲ့အတွက်မိဘများကသူ့စိတ်တိုင်းကျအလိုလိုက်ထားကြသည်
အသက်22နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်သည့်အလျောက် သူ့ကိုယ်သူအရွယ်ရောက်ပြီးယောကျာ်းတစ်ယောက်ဟုမှတ်ယူကာ ကျောင်းပြီးကတည်းက တိုက်ခန်းလေးငှားနေလေသည်
တစ်အိမ်လုံးရဲ့အချစ်ခံလေးဆိုတော့သူ့စိတ်တိုင်းကျနေခိုင်းကြသည် သူ့တွင်သူငယ်ချင်းဟူ၍များများစားစားမရှိ
မူလတန်းကတည်းကပေါင်းလာတဲ့ သူငယ်ချင်းလေး ယူဘင်းနဲ့ တက္ကသိုလ်တက်တော့စသိတဲ့  ဟောက်ရွှမ်းနှင့် တစ်ဦးတည်းသော
သူငယ်ချင်းမလေး ချုံလီတို့ပင်ဖြစ်သည်
ကျောင်းပြီးတော့ ကိုယ်စီအလုပ်လုပ်ကြရတော့မယ်ဆိုတော့
ရှောင်ကျန့်ကသူ့အဖေရဲ့လုပ်ငန်းကို ဦးစီးရမည်ဆိုသော်လည်း သူ့အဖေအလုပ်တွင်တော့ အလုပ်သင်မလုပ်ချင်သောကြောင့် အတွေ့အကြုံသစ်လေးများရအောင်ဆိုပြီး
Wang Group မှာအလုပ်ဝင်ဖို့ဆုံးဖြတ်ခဲ့တယ်.........
ကားလေးက ကြီးမားလှတဲ့အဆောက်အဦးရှေ့သို့ရောက်တော့

မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)Where stories live. Discover now