[Zawgyi]
"ကျန့်ကျန့် ကိုကိုလိုက်ပို့ရမလား ရုံးကိုနောက်ကျမှသွားလည်းရတယ်"
"စိတ်မပူပါနဲ့ ကျန့်ကျန့်ကိုကလေးကျလို့ ပြီးတော့ ကျန့်ကျန့်ကကော သူတစ်ခုခုလုပ်ရင်ငြိမ်ခံနေမယ်ထင်နေလား "
"အင်းပါ အာ့ဆိုလည်း ကိုကိုသွားတော့မယ်နော် "
"အင်းးးမွ..တာ့တာ"
"အင်းးမွ"
...
..."ရှောင်ကျန့်ကိုမီရီတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါနော်"
"ငါ့ခေါင်းကိုတုတ်နဲ့ရိုက်ခိုင်းပြီး ဝမ်ရိပေါ်ကိုအတင်းလုယူ ငါ့ကိုမျှိုချိုးမျစ်ချိုးပြောထားပြီး တောင်းပန်ရုံနဲ့ငါကခွင့်လွှတ်ပေးရမှာလား"
"မီရီတကယ်တောင်းပန်ပါတယ် အခုကိုယ့်အမှားကိုယ်သိပါပြီ အကိုရိပေါ်ကို အတင်းလုယူဖို့ကြိုးစားခဲ့တာကိုလည်း တကယ်တောင်းပန်ပါတယ် "
"မင်းငါခွင့်လွှတ်နိုင်အောင် ဘယ်လောက်ထိလုပ်ပေးနိုင်လဲ "
"အကိုကျေနပ်မယ်ဆို ဘာပဲလုပ်ရလုပ်ရလုပ်ပေးပါ့မယ် "
"ကောင်းပြီလေ အာ့ဆို မင်းမပြန်ခင် ငါတို့မင်္ဂလာဆောင်ကိုတက်ရမယ်"
"ရှင်...မီရီက.."
"အော်ဟော့....စကားမဖြတ်နဲ့...ပြီးတော့မင်းကိုယ်တိုင် ငါတို့ကို ဂုဏ်ပြုပန်းကြဲပေးရမယ် စိတ်ရင်းအမှန်နဲ့ ဘယ်လိုလဲလက်ခံနိုင်လား"
"..."
"ဘာတွေဝေနေတာလဲ...မင်းပဲဘာလုပ်ရလုပ်ရဆို ဘာလဲမလုပ်နိုင်ဘူးမလား "
"လုပ်...လုပ်ပေးပါ့မယ် မီရီစိတ်ရင်းနဲ့လာပြီး ဂုဏ်ပြုပေးပါ့မယ် အဲ့လိုဆိုခွင့်လွှတ်ပေးမယ်မဟုတ်လား"
"မင်းဘက်ကလုပ်နိုင်ခဲ့ရင်ပေါ့ "
ဟန်မီရီကျနေတဲ့မျက်ရည်များကိုသုတ်ကာ
ပြုံးပြလိုက်ပြီး"ဟုတ်ကဲ့ သေချာပေါက် လာခဲ့ပါ့မယ် အကိုပြောတဲ့အတိုင်းဖြစ်စေရပါမယ်"
"ကောင်းပြီ...ငါသွားမယ်"
...
..."ဘာ..မင်းကသူ့ကို ပန်းကြဲပေးခိုင်းတယ်.."
YOU ARE READING
မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)
Fanfiction[Zawgyi] "အကယ်၍နောက်ဘဝသာရှိခဲ့ရင်လည်း ကိုကိုက ကျန့်ကျန့်ကိုပဲချစ်နေမိမှာပါ ဘဝဆက်တိုင်း ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုပဲ လိုက်ရှာနေမိမှာပါ" ဝမ်ရိပေါ် "ကျန့်ကျန့်ကို အမြဲတမ်း ကိုကိုချစ်ရတဲ့သူ ကို...