အပိုင်း(၃)

5.8K 494 8
                                    

[Zawgyi]

"ရိပေါ်....မင်းတကယ်အဲ့လိုလုပ်မလို့လား"

ရှီးချန်မေးတော့

"ဘာဖြစ်လို့လဲ"

"မင်းအတွက် အတွင်းရေးမှူးမလိုဘူးဆို လာတဲ့သူမှန်သမျှကိုလည်း မင်းပဲနည်းအမျိုးမျိုးနဲ့ ဖြုတ်ပစ်နေတာ ပြီးတော့သူက ငါ့ဆီလုပ်ဖို့တင်ထားတာလေ မင်းသူ့ကိုသိလို့လား
ရန်ငြိုးများရှိနေတာလား"

"သူကဦးလေးရှောင်းရဲ့သားပဲ"

"အော်...အဲ့လိုဆိုမထူးဆန်းတော့ပါဘူး..ဒါနဲ့ဘာလို့ သူက Form မှာအဖေနာမည်ကိုတလွဲရေးထားတာလဲ "

" ငါတို့ကိုမသိစေချင်လို့နေမှာပေါ့"

"သြော်..သဘောပေါက်ပြီ
အေးပါ..အာ့ဆိုလည်း...မင်းသဘောပါပဲ
ငါရုံးဆင်းတော့မယ်နော်..အားလုံးဆင်းကုန်ပြီ..
မင်းလည်းသိပ်မိုးမချုပ်နဲ့အုံး"

ရိပေါ် OK sign လေးလုပ်ပြပြီး အလုပ်ဆက်လုပ်နေလိုက်တယ်
......

" ရှောင်ကျန့် ငါတို့ပြန်ပြီ မနက်ဖြန်မှတွေ့မယ်"

ရှောင်ကျန့် လက်ပြနှုတ်ဆက်ကာ ကားငှားဖိုးရပ်စောင့်နေရင်း ယူဘင်းဆီဖုန်းဆက်လိုက်တယ်

"ဟဲလို...ဘင်းဘင်း...ညကျရင် ကျန့်ကျန့်ဆီ လာခဲ့ပါအုံး"

"ချီးကို...ဘင်းဘင်းပါလား...ခွေးသားရ..ဘာတွေ ပျော်စရာတွေ့လာလို့လဲ..အကြောင်းအရင်းကိုတည့်ပြော"

"ငါ့ရဲ့ဖူးစာရှင်လေးအကြောင်းပြောပြမလို့"

"ဘာ...6တန်းကတည်းကတွေ့လာတဲ့ဖူးစာရှင်ကခုထိ တွေ့လို့မပြီးတော့ဘူးလား..ဟမ်..ပြီးရင်တစ်ယောက်မှလည်းမင်းကိုအဖတ်မလုပ်ကြပဲနဲ့.."

"အဲ့လောက်လည်းငါ့ဂုဏ်ကိုဖော်မနေနဲ့ ဟဲ့ကောင်..
ဒီတစ်ခါအတည်...လာခဲ့ပါကွာ..ပြောချင်လွန်းလို့ ပါးစပ်တွေယားနေပြီ...ဟိုနှစ်ကောင်ပါခေါ်လာခဲ့"

"အေးအေး..ဒါပဲမလား..ငါကားမောင်းနေလို့...."

"အေး...ဒါပဲ"

ရှောင်ကျန့်ပြုံးစိစိနဲ့ အတွေးတွေလွန်နေတာ
ကားတားဖို့တောင်မေ့နေတယ်
ထိုစဉ်

မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)Waar verhalen tot leven komen. Ontdek het nu