[Zawgyi]
ရိပေါ်အခန်းပြန်ရောက်တော့ ရှောင်ကျန့်ရှိမနေ
"ကျစ်...ဘာကိစ္စပြန်မလာသေးရတာလဲ"
ထိုစဉ် ရှီးချန်ဆီမှဖုန်းဝင်လာတယ်
"ရှောင်ကျန့်ဘယ်မှာလဲ"
"ဝမ်ရိပေါ် မင်းဒေါသထွက်မယ်ဆိုတာသိပါတယ်
ဒါပေမယ့်ငါပြောတာကိုအရင်နားထောင်ပေးပါအုံး""ငါမေးတာရှောင်ကျန့်ဘယ်မှာလဲလို့းးးးးး"
"ဦးလေးရှောင်း မင်းတို့အကြောင်းသိသွားတယ်"
"ဘာ...မင်းဘာပြောလိုက်တာ"
"ဟုတ်တယ်...သူဘယ်လိုသိလဲတော့ငါလည်းမသိဘူး
မင်းမလာခင်က သူရှောင်ကျန့်ဆီဖုန်းဆက်ပြောတယ် မင်းတို့နှစ်ယောက်ကိုအဆက်အသွယ်ဖြတ်ခိုင်းတယ် ပြီးရင်သူ့ကို ချုံချင်းပြန်လာဖို့ပြောတယ် ရှောင်ကျန့်ကငြင်းတော့ မင်းဆီကရှယ်ယာတွေအကုန်သိမ်းပြစ်မယ်ပြောတယ်
ရှောင်ကျန့်ကအရမ်းငိုနေခဲ့တာကြောင့် ငါကနှစ်သိမ့်ပေးခဲ့တာ သူအရမ်းခံစားနေရတယ် ""ဟမ်...သူအခုဘယ်မှာလဲ..ငါသူ့ကိုတွေ့ချင်တယ်.."
"သူအခုငါနဲ့ရှိနေတယ် တော်တော်လေးမူးနေတယ်"
"အင်း...ငါအခုပဲလာခဲ့မယ်..."
ရိပေါ်ဖုန်းချကာရှီးချန်ပြောတဲ့နေရာသို့လိုက်လာ လိုက်တယ်
"သူဟိုမှာ...ငါသွားစရာလေးရှိသေးလို့ သွားတော့မယ်"
"အင်း..ကျေးဇူးပဲ..ပြီးတော့..တောင်းပန်တယ်.."
"ရပါတယ်ကွာ.."
"ကျန့်ကျန့်...."
"ဟင်....ဘယ်သူလဲ...ဖယ်..သွား..ကျန့်ကျန့်မှာ ...အေ့....ချစ်သူရှိတယ် မကိုင်နဲ့ သူကကျန့်ကျန့်ကိုထိတာမကြိုက်ဘူး...အေ့.. အခုတောင် သူကျန့်ကျန့်ကိုမုန်းသွားဘီ..ဟင့်..ကျန့်ကျန့်ကိုထားခဲ့တော့မှာ...အီးးးဟီးး..အေ့..."
"ကျန့်ကျန့်ကိုမမုန်းပါဘူး...ကိုကိုတောင်းပန်ပါတယ်နော်.. ကိုကိုမှားသွားပါတယ်... ကိုကိုမှားတာပါ"
"ကျန့်ကျန့်က ဝမ်ရိပေါ်ဆိုတဲ့ သူကိုပဲ ချစ်တာ သူ့တစ်ယောက်တည်းကိုပဲချစ်တာလို့.....သူ့ကိုချစ်တာဘာမှားလို့ခွဲချင်နေကြတာလဲ...အီးးး ပါးတို့အရမ်းရက်စက်တယ်...အီးးးသူ့ကိုမခွဲနိုင်ဘူးဘယ်လိုလုပ်ရမလဲ..အီးး"
YOU ARE READING
မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)
Fanfiction[Zawgyi] "အကယ်၍နောက်ဘဝသာရှိခဲ့ရင်လည်း ကိုကိုက ကျန့်ကျန့်ကိုပဲချစ်နေမိမှာပါ ဘဝဆက်တိုင်း ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုပဲ လိုက်ရှာနေမိမှာပါ" ဝမ်ရိပေါ် "ကျန့်ကျန့်ကို အမြဲတမ်း ကိုကိုချစ်ရတဲ့သူ ကို...