[Zawgyi]
*ရှီးချန်ကိုမဟုတ်ပဲ...ကိုယ့်ကိုပဲ..ချစ်ပေးပါ.. မင်းချစ်လာအောင်လည်း...ကိုယ်ကြိုးစားမှာမလို့..*
...
...ရိပေါ်အိပ်ပျော်နေတဲ့ရှောင်ကျန့်ကိုပွေ့ကာ
"ရှီးချန် ငါတို့ပြန်တော့မယ်"
"ဟမ်....ရှောင်ကျန့်ကဘယ်လိုဖြစ်ရတာလဲ"
"ဝိုင်သောက်တာများသွားတာထင်တယ်... ငါပြန်ပို့လိုက်မယ်...မနက်ဖြန်လေဆိပ်မှတွေ့မယ်..."
"အေးအေး..."
ရိပေါ်သွားမည်အလုပ် ပွေ့ထားတဲ့ကောင်လေးကနိုးလာသည်ထင်
"အင်းးးကျန့်ကျန့်ကိုဘယ်ခေါ်သွားမလို့လဲ...မလိုက်ဘူးနော်...ကျန့်ကျန့်..မပြန်ဘူး...ဒီညဒီမှာအိပ်မှာ...ဟီးဟီး..အတူတူအိပ်မှာနော်...ပြန်ဘူး..."
သူ့ရဲ့ဂုတ်ကိုဖက်တွယ်ကာ ကလေးတစ်ယောက်လို ပြုမူနေတဲ့ ဒီအမူးလေးကို ရိပေါ် အူယားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ
"မပြန်လို့မရဘူးလေကျန့်ကျန့်...အရမ်းမူးနေပြီ...ပြန်ရအောင်နော်...."
ရိပေါ်ကကလေးလေးလိုချော့ပြောတော့
"အာ့ဆို...ကျန့်ကျန့်ကိုနမ်း..."
ရှီးချန်ကောရိပေါ်ပါ ကြောင်သွားသည်
အခြားသူတွေပြန်သွားတဲ့အချိန်မို့ တော်သေးတယ်ပြောရမယ်နှုတ်ခမ်းလေးဆူကာ မျက်စိလေးမှတ်ထားပြီး နမ်းခိုင်းနေတဲ့ ယုန်ငမူးလေး
"ရိပေါ်...ဘယ်လိုလဲ...."
ရှီးချန်ကပြောတော့
"ဘာကိုလဲ....သူကမူးနေလို့ လျှောက်ပြောနေတာ"
"အာ့ဆိုလည်းသူကျေနပ်အောင်..နမ်းပေးလိုက်လေ..
ဟားဟား""မစနဲ့တော့...သူတော်တော်မူးနေတာ..."
"ဟားဟား...အေးပါကွာ...."
"အွန်းးးးးနမ်းပါဆို...ခုနကလို....အင်းးးးး"
ရှောင်ကျန့်မပြောခင်မှာပင် ရိပေါ်ရှောင်ကျန့်ပါးစပ်ကိုပိတ်လိုက်ရသည်
ဒီအမူးလေးနဲ့တော့ ခိုးစားလို့မရပါလားရှောင်ကျန့်အတင်းရုန်းဆင်းပြီး...
ရိပေါ်ကို ရီဝေဝေစိုက်ကြည့်လာကာ
YOU ARE READING
မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)
Fanfiction[Zawgyi] "အကယ်၍နောက်ဘဝသာရှိခဲ့ရင်လည်း ကိုကိုက ကျန့်ကျန့်ကိုပဲချစ်နေမိမှာပါ ဘဝဆက်တိုင်း ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုပဲ လိုက်ရှာနေမိမှာပါ" ဝမ်ရိပေါ် "ကျန့်ကျန့်ကို အမြဲတမ်း ကိုကိုချစ်ရတဲ့သူ ကို...