အပိုင်း(၃၈)

2.7K 208 7
                                    

[Zawgyi]

"ကလေးကဆွဲကြိုးလေးကြောင့်ငိုတာလား "

"ဟုတ်တယ်အားရီ..သူ့ကြောင့်ပျောက်လို့ သားကစိတ်ဆိုးမယ်ထင်လို့တဲ့လေ"

"ကလေးရယ် အားရီမေးတာကိုဘာလို့မဖြေရတာလဲ ဆွဲကြိုးလေးကမပျောက်ပါဘူးကွယ့်"

"ဟမ်...အားရီ...တကယ်ပြောတာလား ကိုကို့ဆွဲကြိုးလေးတစ်ကယ်မပျောက်ဘူးလား"

"မပျောက်ပါဘူး ကလေးကိုယ်တိုင် အဲ့ဆွဲကြိုးလေးကို နာမည်ထွင်းဖို့အပ်ထားတာလေ မေ့နေတာလား"

"အာ...ဟုတ်သားပဲ...သားနာမည်ထွင်းဖို့အပ်ထားတာ မေ့သွားတာ သားကနေ့လယ်ကခြံထဲမှာပျောက်ခဲ့ပြီထင်တာ အားရီကသားကိုဘာလို့မပြောရတာလဲ"

"အားရီကမေးတာကလေးမှမဖြေပဲ အားရီလည်းတခြားကိစ္စကြောင့်လို့ထင်တာပေါ့"

"ဟူးးးးးတော်ပါသေးတယ်..."

"ကဲ...အခုတော့ မျက်ရည်တွေအလကားထွက်ကုန်ပြီ ကိုကို့မှာတော့ ကျန့်ကျန့်ငိုတော့ သေမတတ်ခံစားလိုက်ရတာ "

"ဟီးးးးးဆောရီးးးကျန့်ကျန့်မေ့သွားတာ"

"နေပါအုံးကျန့်ကျန့်ကဘာ နာမည်ထွင်းမလို့လဲ ကိုကိုလည်းမသိရပါလား"

"အင်း ဆွဲကြိုးလေးမှာ 一战 ဆိုပြီးရေးထားမလို့လေ "

"ဘာစိတ်ကူးပေါက်လို့လဲကျန့်ကျန့်ရဲ့"

"ဗေဒင်ဆရာကပြောတယ်..တန်ဖိုးအထားရဆုံးပစ္စည်းကို နှစ်ယောက်လုံးနာမည်လေးထိုးထားရတယ်တဲ့ ဒါမှ ထာဝရပေါင်းဖက်ရမှာတဲ့"

"ကိုကိုတို့က ဘယ်တော့မှ မခွဲရပါဘူးကွာ အဲ့လိုတွေမလိုပါဘူး"

"လုပ်ထားတာမလွန်ပါဘူး...ပြီးတော့ အခန့်မသင့်ရင် ကလေးတောင်ရနိုင်တယ်တဲ့.."

"ကျန့်ကျန့်က ကလေးလိုချင်လို့လားး"

"မဟုတ်ပါဘူး  ရလာတော့လည်းအမြတ်ပေါ့ "

"ဟားးးဟုတ်ပါပြီ...ကလေးလိုချင်ရင် ကိုကိုကနေ့တိုင်းကြိုးစားပေးမလို့ကို"

"ကိုကိုနော်....မညစ်ပတ်နဲ့ အော်ငိုပစ်လိုက်မှာ "

"မငိုတော့မငိုလိုက်ပါနဲ့ မပြောတော့ဘူးနော်..."

မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)Donde viven las historias. Descúbrelo ahora