[Zawgyi]
"မောနင်း...ကိုယ့်ရဲ့ကျန့်ကျန့်လေး"
"ဝမ်ရိပေါ်...အားရီရှိနေတာကို..ဘယ်လိုဖြစ်နေတာလဲ"
"ဘာဖြစ်လဲ...ကိုယ့်အိမ်မှာကိုယ်ကြိုက်တာလုပ်မှာပေါ့ ပြီးတော့ အားရီကလည်းသိထားပြီးထား"
"ဟမ်...တကယ်လား"
"အင်း..အားရီကအစတည်းက ကိုယ်တို့ကိုနီးစပ်စေချင်နေတာ "
"အော်..ဒါနဲ့..ရုံးမှာဘယ်သူမှမသိလောက်သေးဘူးမလား "
"အင်း... ကိုယ်လည်းမသိဘူး.. သူကတော့ပြောလောက်မယ် မထင်ပါဘူး"
"ရူးချင်တယ်... "
"ကဲပါလာ...သွားကြစို့"
ရုံးရောက်တော့
ရှောင်ကျန့်အထဲဝင်လာတာနဲ့
"ရှောင်ကျန့်းးး"
ကျိရန်အပြေးလာကာ ရှောင်ကျန့်ကိုဆွဲခေါ်သွားတယ်
"မင်းကိုပြောစရာရှိတယ်....ငါရုံးရောက်ရောက်ချင်းပဲသိလို့ "
"ဘာ.... ဘာကိစ္စလဲ"
"ငါတို့ company မှာ ရုံးတွင်းစုံတွဲရှိနေတယ်တဲ့ "
"ဘာ...မင်းကိုဘယ်..ဘယ်သူကပြောတာလဲ"
"တစ်ရုံးလုံးသိနေပြီ...မင်းပဲမသိသေးတာ..
ငါ့အထင်...မန်နေဂျာချုပ်နဲ့ CEO နဲ့လို့ထင်တယ် သူရောက်လာပြီးမှဒီကိစ္စသတင်းကြားရတာဆိုတော့""မင်းမသိပဲလျှောက်ပြောမနေနဲ့ CEO ကသူနဲ့မဟုတ်ဘူး "
"ဟမ်... မင်းကဘာလို့အဲ့လိုပြောတာလဲ.. ငါတော့အဲ့လိုပဲထင်တယ်... ငါမှန်းရင်လွဲခဲတယ်"
'အခုကိုတက်တက်ဆင်အောင်လွဲနေပြီ '
"မင်းသေချာအောင် စုံစမ်းပေးပါလား ငါလည်းသိချင်နေတာ မင်းကသူတို့နဲ့ပိုအနီးကပ်နေရတာဆိုတော့"
"အဲ့လိုမဟုတ်ပါဘူးဆိုကွာ... တော်ပြီ...ငါသွားတော့မယ်"
...
..."အကိုရိပေါ်...သေချာစဉ်းစားပါ ရှောင်ကျန့်နဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး ကိုယ့်ကိုကိုယ် အရှက်မရချင်ပါနဲ့ သူကယောကျာ်းလေးတစ်ယောက်ပဲ သူ့ဆီကဘာမှရလာမှာမဟုတ်ဘူး သူများကဲ့ရဲ့တာမခံပါနဲ့"

YOU ARE READING
မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)
Fanfiction[Zawgyi] "အကယ်၍နောက်ဘဝသာရှိခဲ့ရင်လည်း ကိုကိုက ကျန့်ကျန့်ကိုပဲချစ်နေမိမှာပါ ဘဝဆက်တိုင်း ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုပဲ လိုက်ရှာနေမိမှာပါ" ဝမ်ရိပေါ် "ကျန့်ကျန့်ကို အမြဲတမ်း ကိုကိုချစ်ရတဲ့သူ ကို...