အပိုင်း(၃၆)🚨❗

3.9K 223 8
                                    

[Zawgyi]

"ဒီလောက်ဖုန်းတကွမ်ကွမ်ဆက်နေတာကိုမကိုင်ဘူးပေါ့ ဟွန့် အခုထိပြန်မလာဘူး တွေ့မယ်ငါနဲ့..."

"ကျန့်ကျန့် ကလေး ဘာလို့ပြေးဆင်းလာရတာလဲ ဗိုက်ဆာလို့လား အားရီဘာလုပ်ပေးရမလဲ"

"မဟုတ်ဘူးအားရီ ခြံတံခါးသော့သွားခတ်မလို့"

"ကလေး ရိပေါ်လေးပြန်မလာသေးဘူးလေ"

"သိတယ်အားရီ သူပြန်လာရင်ဘယ်သူမှတံခါးဖွင့်မပေးနဲ့နော် ဖွင့်ပေးရင် သားနဲ့အပြတ်ပဲ တစ်သက်လုံးမခေါ်ပဲနေမှာ"

"ကလေးရယ် မနက်ကပဲ လက်ထပ်ထားကြတာ အခုဘာဖြစ်ကြပြန်တာတုန်း"

"ဂတိမတည်ဘူးအားရီ စောစောပြန်လာမယ်ပြောပြီး ကြည့်ခုထိပြန်မလာဘူး "

"ကလေးရယ် အခုမှ 8နာရီပဲရှိသေးတာလေ ပြီးတော့ ရိပေါ်လေးထွက်သွားတာ 6နာရီလောက်ကမှလေ ပြန်လာမှာပါကွယ်"

"အားရီကသူ့ဘက်ကလား အာ့ဆိုလည်းရတယ် သူပြန်လာရင်အခန်းထဲမဝင်လာစေရဘူး ဟွန့်"

စောင့်ကြီးအောင့်ကြီးနဲ့ အခန်းသို့ပြေးတက်သွားလေတယ်
လက်ထပ်ပြီးသားဆိုတာယုံကြမှာမဟုတ်ဘူး တကယ်ကိုကလေးလေးပါပဲ

ခြံရှေ့ကကားသံကြားတော့ ရှောင်ကျန့် ပြတင်းပေါက်ကနေ ချောင်းကြည့်လာတယ်

"အားရီ...ရော့ ဒါလေးတွေယူပြီး ပြင်ပေးပါအုံး ကျန့်ကျန့်ရော"

"ကလေးကသားကိုစိတ်ကောက်နေတယ် ပြန်လာတာနောက်ကျလို့တဲ့"

"ထင်ပါတယ် ထွက်မလာတည်းက သားသူ့ကိုသွားခေါ်လိုက်အုံးမယ်"

"အေးအေး..အားရီ ထမင်းပွဲပြင်ထားပေးမယ်"

..

"ကျန့်ကျန့်တံခါးဖွင့်ပါအုံး..."

"..."

"ကျန့်ကျန့်ကြိုက်တဲ့ ဟော့ပေါ့ ဝင်ဝယ်နေလို့ပါကွာ ဆိုင်မှာကြာနေတာပါ စိတ်မကောက်ပါနဲ့နော် ကိုကို့ကိုတံခါးဖွင့်ပေးပါအုံး"

"..."

"ကိုကို့ဆီမှာသော့အပိုရှိတယ်နော် ဝင်လာပြီ"

".."

"ကျန့်ကျန့်ကလည်းစိတ်မဆိုး...ဟမ် မရှိဘူးလား"

မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)Donde viven las historias. Descúbrelo ahora