ခပ်ရှည်ရှည်သံချောင်းတစ်ချောင်းရဲ့ အေးစက်စက်ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲသွားတဲ့ အသံက တိတ်ဆိတ်လေတဲ့
ညအတွက် ခြောက်ခြားစရာ။ လျှာဦးထုပ်အမဲကို ငိုက်စိုက်ကျစောင်းထားပြီး အနက်ရောင် Mask တပ်ထားတဲ့
အဲ့ဒီကောင်လေးရဲ့ ခြေလှမ်းတွေက ခပ်ဖြေးဖြေးလျှောက်
လာတယ်။ ကြိုးတွေနဲ့ တုပ်ခံရတောင်မှ လွတ်မြောက်ဖို့
ရုန်နေတဲ့ အဲ့လူတွေရဲ့ ကြောက်ရွံနေတဲ့ မျက်နှာတွေက
သူ့အတွက် သိပ်ပျော်စရာကောင်းတယ်။လူတွေက အသက်ရှင်နေတုန်းကျ
စောက်တလွဲတွေ လုပ်ခဲ့ပြီး သေခါနီးမှ ကြောက်ပြတတ်ကြတယ်။ စောက် အဓိပ္ပါယ်ကို မရှိဘူး....။" ဟေ့ကောင် မင်းဘယ်သူလဲ....လွှတ်ပေး...."
" ဒီနား ဘယ်သူမှမရှိဘူးလား....."
" ကယ်ကြပါအုန်း "
အဲ့ဒီလူတွေရဲ့ အော်ဟစ်အကူအညီတောင်းသံတွေနောက်မှာ သူက အားရပါးရ အော်ရယ်တယ်။
" မင်းတို့ရောက်နေတာ ဆောက်လက်စ တိုက်ပျက်တစ်ခုဆိုတာ မသိကြတာလား "
" နောက်ပြီး ဒီလို တိုက်ပျက်နား ဘယ်ကလူတွေက
ရှိနေမှာလဲ နည်းနည်းပါးပါး စဉ်းစားကြည့်ကြစမ်းပါ "" အင်းပေါ့....စောက်ဦးနှောက်မရှိလို့လဲ ကျောင်းရဲ့
အဆင့်ဘိတ်ချီးနေရာ ယူထားကြတာပဲ...."လက်ထဲက သံတုပ်ကို လှည့်ရင်း ပြောတော့ အဲ့ဒီလူနှစ်ယောက်က ပြန်ပြောတယ်။
" မင်း....ဘယ်သူလဲ "
ခွာချလိုက်တဲ့ Mask အောက်မှာ ခပ်ထူထူနှုတ်ခမ်းတွေက ပြုံးနေတယ်။ မျက်နှာနှစ်ဖက်က ဒဏ်ရာတွေက
သွေးတွေခြောက်ပြီး ခပ်ညိုညိုတွေ။ သူ ဒူးထောက်ထောင်ချလိုက်တော့ အဲ့ဒီလူတွေက သူ့ကို သတိထားမိသွားကြတယ်ထင်တယ်။ တအံ့တသြတွေနဲ့။" မင်း....မင်း...."
" အင်း....ငါလေ....မင်းတို့ ချောင်ပိတ်ပြီး
အနိုင်ကျင့်ခဲ့တဲ့ငါ...."ခပ်ဟိုက်ဟိုက်ရယ်ပြီး သူပြောလိုက်တော့ ဂနာမငြိမ်ဖြစ်သွားတဲ့ မျက်အိမ်တွေက သိပ်အော်ဂလီဆန်တာပဲ။
" မပူပါနဲ့....မင်းတို့ကို အရမ်းနာအောင် မလုပ်ပါဘူး....."
သွေးရူးသွေးတန်းအော်ဟစ်သံတွေနောက်မှာ အဲ့လူနှစ်ယောက်က အပြိုပြိုအလဲလဲ....။