Chapter 10 ( Unicode )

5K 613 16
                                    

လွန်ခဲ့သော နှစ်ရက်ခန့်က။

PT ချိန်မို့ စာသင်ခန်းတွေထဲမှာ ကျောင်းသားတွေရှင်းနေတယ်။ ဆရာများရုံခန်းထဲက ရှောင်ကျန့်ဆီလာတဲ့ ရိပေါ်က တံခါးဝအကွယ်မှာ မတ်တပ်ရပ်နေတယ်။

ရုံခန်းထဲမှာ ရှောင်ကျန့်က ဆရာတစ်ယောက်နဲ့စကားပြောနေတယ်။ တစ်ဖက်ကဆရာရဲ့ မျက်နှာကတော့ ဒေါသထွက်နေပုံ။

" ဒီကိစ္စမှာ ဆရာရှောင်း မှားတယ်လို့ထင်တယ် "

လက်ထဲကစာအုပ်တွေကို ဘေးစားပွဲပေါ်ဆောင့်ချရင်း
ပြောလာတယ်။

" ကျွန်တော်...ဘာလုပ်မိလို့လဲ ဆရာဂျောင်..."

" နောက်မှ အလုပ်ဝင်ပြီး ငါသင်တဲ့ အလယ်တန်း
ပထမနှစ်အတန်းကိုပါ လုယူသွားတာတော့ မကောင်းပါဘူး"

" ဆရာဂျောင် အထင်လွဲနေတာပါ ကျွန်တော်က
ကျောင်းအုပ်ရဲ့ စကား..."

" တော်စမ်းပါ "

ရှောင်ကျန့်စကားမဆုံးခင်ပဲ ဆရာဂျောင်က ဖြတ်ပြောတယ်။ ရှောင်ကျန့်ရဲ့ ရင်ဘတ်ကို လက်ညိုးနဲ့ တွန်းရင်း။

" နောက်မှလာရင် ဂျူနီယာက ဂျူနီယာလိုနေ..."

လက်ညိုးကို အားထည့်တွန်းတော့ ရှောင်ကျန့် အနောက်
ကိုအနည်းငယ်ယိုင်သွားတယ်။ တံခါးအကွယ်က ရိပေါ်ရဲ့လက်တွေက တင်းတင်းဆုပ်ထားတယ်။ မြန်ဆန်နေတဲ့
အသက်ရှူသံတွေနဲ့။

" အခုမှ အသစ်ဝင်တဲ့ဆရာပေါက်စဆို...."

" ကိုယ့်နေရာ ကိုယ်သိလေ...."

စကားတစ်ခွန်းပြောတိုင်း လက်ညိုးနဲ့ထိုးနေတာမို့ ရှောင်ကျန့် အနောက်နံရံနားကပ်သွားတယ်။

ဆရာဂျောင်ပြောသလို ဆရာပေါက်စ ဖြစ်နေတာကြောင့်
ရှောင်ကျန့်သည်းခံတယ်။ ပြဿနာမဖြစ်ချင်ဘူး။
ကိုယ်က ဂျ ူနီယာဖြစ်နေတာမို့ကိုယ်မှန်နေရင်တောင်
သည်းခံရမယ်လို့ ရှောင်ကျန့်တွေးထားတယ်။

ဒီဆရာဂျောင် ပြဿနာရှာတာ အခုက ပထမဆုံးမှမဟုတ်တော့တာ။

" ကျွန်တော်တောင်းပန်ပါတယ်...အလယ်တန်း အတန်းကို ဆရာဂျောင်ကို ပြန်ပေးပါ့မယ် "

Douleurs Rouges  [ Completed ]Where stories live. Discover now