ဘတ်စ်ကားပေါ်က ဆင်းတော့ တပ်ထားတဲ့ နားကြပ်ကို
ဖြုတ်ပြီး ကော ပြောတဲ့ အိမ်လိပ်စာအတိုင်း လျှောက်
လာခဲ့တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့ အနည်းငယ်ကြာအောင်တော့ ရှာလိုက်ရတယ်။ခြေအစုံရပ်လိုက်တဲ့ အိမ်လေးက ရိုးရိုးရှင်းရှင်း နှစ်ထပ်
အိမ်လေး။ ဘဲလ်ခလုတ်ကို နှစ်ချက် ဖိနှိပ်လိုက်တော့
ထွက်လာတဲ့ ကောရဲ့ ပုံစံက မြတ်နိုးစရာအတိ။ခပ်ပွပွဆွယ်တာအသားရောင်လေးကို ချည်ဘောင်းဘီအမဲ
ပွလေးနဲ့ တွဲဝတ်ထားတော့ ကျောင်းမှာ တွေ့နေကျ
ပုံစံနဲ့ ကွဲထွက်နေတယ်။ရိပေါ် ရှောင်ကျန့်အိမ် လာရခြင်းကတော့ အခြားတော့မဟုတ်။ ရိပေါ် နားမလည်ဘူးပြောတဲ့ စာတွေ ပြန်ရှင်းပြမယ်
ဆိုပြီး ကျောင်းပိတ်ရက် တနင်္ဂနွေမှာ အိမ်ကို ခေါ်ထား
တာကြောင့်။ရှောင်ကျန့်က သူ့ရဲ့ စာကြည့်ခန်းထဲမှာ စာလုပ်ကြမယ်လို့
ပြင်ဆင်ထားတယ်။ အနည်းငယ်ကျယ်တဲ့ စာကြည့်စားပွဲ
မှာ ထိုင်ခုံနှစ်လုံးကို ထားထားတယ်။" ရိပေါ်....ခဏထိုင်နေအုန်း ကော ကော်ဖီဖျော်ပေးမယ် "
ရိပေါ် ခေါင်းငြိမ့်ပြလိုက်တော့ ရှောင်ကျန့် က အခန်းပြင်
ကို ထွက်သွားတယ်။အနွေးဓာတ်တွေလွှမ်းနေတဲ့ ခံစားချက်က ခင်ဗျားအငွေ့အသက်တွေရှိနေလို့ ဖြစ်မယ်။ စာကြည့်ခန်းရဲ့ အပြင်အဆင်
က ရိုးရိုးရှင်းရှင်းလေး။ ရိပေါ် နားမလည်တဲ့ ရှုခင်းပန်းချီကားအနည်းငယ်က နံရံတွေပေါ်မှာရှိတယ်။ ရိပေါ် တစ်ရပ်စာရှိတဲ့ စာအုပ်စင်နှစ်ခုမှာ စာအုပ်တွေက စီစီရီရီနှင့်။
စာအုပ်တွေက ပျင်းဖို့ကောင်းတယ်။
ဒါပေမယ့် ခင်ဗျားကိုတော့ သဘောကျတယ်။" ရိပေါ်....ဘာတွေတွေးနေတာလဲ "
ကော်ဖီခွက်နှစ်ခွက်ကို စားပွဲပေါ်ချရင်း ဘေးခုံမှာ ထိုင်လာတဲ့ ရှောင်ကျန့်က မေးတော့ ခေါင်းပဲ ခါပြမိတယ်။
အတွေးတွေဆိုတာ စိတ်ထဲမှာပဲ ကိန်းဝပ်နေတာ...
မဖြစ်မနေ ထုတ်ပြဖို့မလိုအပ်ပါဘူး။