ချထားတဲ့ မျက်လွှာတို့ကို ဖွင့်ဟမိတော့ အဖြူရောင်
မျက်နှာကျက်က ဆီးကြိုတယ်။" ရိပေါ်....သတိရပြီလား "
ရှောင်ကျန့်မေးလာတော့ ရိပေါ် ခေါင်းသာငြိမ့်ပြမိတယ်။
ဝင်သက်ထွက်သက်တိုင်းမှာ နေရာယူနေတဲ့ ဆေးနံ့တွေက
သူ့အတွက် အဆင်မပြေစေဘူး။" ကျွန်တော် အိမ်ပြန်ချင်တယ်...ကော "
ရိပေါ်က နေမကောင်းဖြစ်နေလို့ အိမ်ပဲပြန်ချင်တယ်လို့ ချီကျနေတဲ့ မူကြိုကလေးလေးလိုပဲလို့ ရှောင်ကျန့်တွေးတယ်။
" အင်း....သွင်းထားတဲ့ ဆေး ကုန်ရင် ကော
အိမ်လိုက်ပို့ပေးမယ်နော်...".....
ရိပေါ်အိမ်ရဲ့ ခြံရှေ့မှာ ရှောင်ကျန့် ကားကို ထိုးရပ်လိုက်တယ်။ကားပေါ်က ဆင်းမလို့လုပ်နေတဲ့ ရိပေါ်ကို ရှောင်ကျန့်ကလှမ်းဆွဲတယ်။
" ရိပေါ်....တစ်ယောက်တည်း နေတာလား"
" အင်း..."
ရိပေါ်အဖြေကြောင့် ရှောင်ကျန့်က သက်ပြင်းချတယ်။
လိုတာထက် ပိုနေတဲ့ စိတ်ပူမှုတွေက ဘာလို့ ဒီကောင်လေးပေါ်မှာမှ ဖြစ်တည်နေရတာလဲ။" နေမကောင်းတာကို တစ်ယောက်တည်း ဖြစ်ပါ့မလား"
" ကျွန်တော်က တစ်ယောက်တည်းနေသားကျနေပြီ "
ခံစားချက်တွေက ကူးစက်တတ်လား။ ဒီကောင်လေးရဲ့
မျက်ဝန်းတွေဆီက အထီးကျန်မှုတွေကို သူပါ ခံစားမိသလိုပဲ။" ကော...စိတ်မချဘူး "
စကားတွေနဲ့ သတ်ရင် လူသတ်မှုမြောက်လား
ပြစ်မှုအနေနဲ့ ခင်ဗျားကို တစ်သက်လုံး အပိုင်သိမ်းထားချင်လို့။ရိပေါ်က ရှောင်ကျန့်ရဲ့ မျက်ဝန်းတွေကို ငေးကြည့်တယ်။
အဲ့ဒီမျက်ဝန်းတွေထဲ သူတစ်ကြိမ်တစ်ခါမှ မရရှိခဲ့တဲ့
နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့....။.....
ဒီနေ့အတွက် အထက်တန်းဒုတိယနှစ် အခန်းတိုင်းရဲ့
သတင်းထူးက ကျောင်းရဲ့ အဆင့်၁ ဝမ်ရိပေါ် စာမေးပွဲ
ကျတယ်ဆိုတာဘဲ။