Final Chapter 27 (Unicode)

9.8K 730 86
                                    

တိမ်တွေထူထပ်နေတဲ့ ကောင်းကင်အောက်က ညနေခင်းက လှလှပပလေးရှိနေတယ်။ မြို့ပြတွေနဲ့ဝေးတဲ့ နယ်မြို့လေးက ညနေခင်းကတော့ အနည်းငယ် တိတ်ဆိတ်နေတယ်။ လမ်းသွယ်လေးရဲ့ ထောင့်လေးမှာ အဖြူရောင်ကော်ဖီဆိုင်လေးရှိတယ်။

မှန်နံရံတွေကာထားပြီး ဆိုင်အပြင်ဘက်မှာ အနီရောင်နှင်းဆီပန်းအိုးလေးတွေ ချိတ်ရင်း အလှဆင်ထားတယ်။ ကော်ဖီဆိုင်အတွင်းကတော့ လေထုက ကော်ဖီစေ့နံ့တွေ ရောယှက်လို့။

စားပွဲခုံတစ်ခုမှာထိုင်နေတဲ့ ရှောင်ကျန့်က အင်တာနက်သတင်းတွေထဲ ထိပ်ဆုံးဖြစ်နေတဲ့ သတင်းကို ဖတ်နေတယ်။

" စိတ်ကျန်းမာရေးဆေးရုံ၌ အကျဉ်းချထားသော
လူသတ်တရားခံတစ်ဦး ထွက်ပြေးလွတ်မြောက်နေ၍ ရှာဖွေနေကြဆဲ "

ဖတ်လက်စ သတင်းကို ရပ်လိုက်ပြီး ဖုန်းကို စားပွဲခုံပေါ်ချလိုက်တဲ့နောက် ဆိုင်ထဲက ထွက်သွားတဲ့ Customer ကို ကျေးဇူးတင်ကြောင်း ပြောရင်း ရှောင်ကျန့် နှုတ်ဆက်လိုက်တယ်။

ရှောင်ကျန့်ရဲ့ နှုတ်ခမ်းပါးတွေကတော့ ပြုံးလို့ ။

အဖြစ်အပျက်တွေပြီးသွားတဲ့နောက်မှာ ရှောင်ကျန့် ဆေးကုသမှုကို အချိန်တော်တော်ကြာကြာလုပ်ခဲ့ရတယ်။ ကျောင်းဆရာအလုပ်ကထွက်ပြီး ဒီမြို့လေးဆီရောက်ခဲ့တယ်။

လူဦးရေနည်းတဲ့ မြို့လေးမို့ ဆိုင်ကို လူသိပ်အများကြီးမလာဘူး။အေးချမ်းတဲ့ ဒီမြို့လေးကိုတော့ ရှောင်ကျန့်သဘောကျတာတော့ အမှန်။

" You are my sunshine ...
My only sunshine.. ."

သီချင်းလိုက်ညည်းရင်း ဆေးပြီးသွားတဲ့ ကော်ဖီခွက်တွေကို အဝတ်တစ်ခုနဲ့ သုတ်နေတုန်း
ချော်သွားတဲ့လက်ကြောင့် ကော်ဖီခွက်လေးက ကြမ်းပြင်ပေါ်ကို ခွမ်းခနဲ အသံပြုရင်း ပြုတ်ကျတယ်။

ကိုယ့်ကိုယ်ကို နမော်နမဲ့နိုင်လိုက်တာ လို့သာတွေးရင်း ဖန်ကွဲစတွေကို သိမ်းဖို့ ခန္ဓာကိုယ်ကို ရှေ့ကိုင်းလိုက်တော့
အင်္ကျီကော်လံတွေကြား ပုန်းနေတဲ့ ငွေရောင်ဆွဲကြိုးလေးက ထွက်လာတယ်။

အဲ့ဒီဆွဲကြိုးလေးထဲ ထည့်ဆွဲထားတဲ့ လက်စွပ်လေးကတော့ လှုပ်ရမ်းလို့ .....။

Douleurs Rouges  [ Completed ]Where stories live. Discover now