Chapter 21 ( Unicode )

3.9K 506 16
                                    

ဖိုင်တွဲတစ်ခုပိုက်ရင်း ရှောင်ကျန့် ရုံးခန်းဆီပြန်လာသည်။
ကျန်တဲ့ ဆရာဆရာမများ ပါ ပြန်ဝင်လာတာကြောင့် ရုံးခန်းက လှုပ်ရှားသံတွေ စကားသံတွေနဲ့ အနည်းငယ် ဆူညံနေတယ်။

ရှောင်ကျန့်က ရုံးခန်းတစ်ဝိုက်ကို ဝေ့ဝိုက်ကြည့်ပေမယ့် ချန်းကို မတွေ့တာကြောင့် နေရာတွင် ဝင်ထိုင်ရင်း အနည်းငယ် ဖရိုဖရဲဖြစ်နေတဲ့ ဖိုင်တွေကို အသေအချာပြန်စီလိုက်တယ်။ အဆင့်လိုက်သတ်မှတ်ထားတဲ့ ကျောင်းသားမှတ်တမ်းဖိုင်ကို ရုံးခန်းထောင့်က ဗီရိုထဲ ထည့်ပြီး ပြန်အလှည့်မှာ ရုံးခန်းဆီပြန်ဝင်လာတဲ့ ချန်းကို တွေ့တယ်။

" ချန်းကော ... ကျွန်တော်က ပြန်သွားပြီထင်လို့ "

" အင်း သန့်စင်ခန်း ခဏသွားနေတာ "

ချန်းရဲ့စကားကို ရှောင်ကျန့်ခေါင်းငြိမ့်လိုက်ပေမယ့် ချန်းပြန်လာတဲ့လမ်းက သန့်စင်ခန်းသွားတဲ့လမ်းမဟုတ်တာကြောင့်
ရှောင်ကျန့်တွေဝေသွားရင်း ပြုံးပြရင်းသာ အလုပ်ဆင်းဖို့ ပြင်လိုက်တယ်။

" အဲ့ဒါဆို အဲ့ဒီနေ့က ရှင်း အိမ်ကထွက်သွားပေမယ့် ဆေးရုံကို မရောက်ခဲ့ဘူးပေါ့ "

" အင်း "

ကျောင်းအပြင်ဘက်ကို လမ်းလျှောက်ထွက်လာရင်း ရှောင်ကျန့်နဲ့ ချန်း စကားပြောလာကြတယ်။ ရှင်းနေတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ခြေသံနှစ်ခုကို ကြားနေရတယ်။

" လမ်းမှာ ပျောက်သွားတာလား ချန်း ..."

ရှောင်ကျန့် စိတ်ပူမိတာတော့ အမှန်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်းနဲ့သူက သာမန်ရိုးကျ ဆက်ဆံရေးထက် အနည်းငယ် ပိုခဲ့ကြတဲ့ လူတွေပဲ။ ရှင်းကို ရှောင်ကျန့် သံယောဇဉ်ရှိခဲ့ပါတယ်။

ချန်းက သက်ပြင်းချရင်း ဆက်ဖြေလာတယ်။ လေးလံနေတဲ့စိတ်တွေအနည်းငယ်များ လျော့သွားလေမလားဆိုတဲ့အတွေးနဲ့။

" အိမ်ကထွက်သွားတာ ရှင်း ဟုတ်ရဲ့လားဆိုတာ မသေချာတော့ဘူး ရှောင်ကျန့် "

" ဟင် .. "

ခြေလှမ်းတွေရပ်တန့်မိတဲ့အထိ ရှောင်ကျန့် အံ့သြသွားရတာတော့အမှန်။ တကယ်ပဲ နားမလည်နိုင်တဲ့အခြေအနေတွေက သိပ်များလွန်းတယ်။

Douleurs Rouges  [ Completed ]Donde viven las historias. Descúbrelo ahora