အမှောင်ကျနေတဲ့ နံရံအကွယ်မှာ အနက်ရောက် ဟူဒီတစ်ထည်နဲ့ ကောင်လေးက ဘေ့စ်ဘောရိုက်တဲ့ တုတ်ကို
မြေပြင်ပေါ်ဆိုက်ချပြီး ကိုင်ထားတယ်။ ဟူဒီခေါင်းစောင်းကို
စောင်းထားပြီး Mask ကိုတော့ တတ်မလာဘူး။Clinic ထဲက ထွက်လာတဲ့ ရှင်း ကြောင့် သူက
ခြေလှမ်းတွေကို ရှေ့တိုးဖို့ လုပ်တယ်။ ည ၁၀ နာရီ
အချိန်ကို ကျော်လွန်နေပြီ။ ရှင်း ဒီနေ့ ဆေးခန်းသိမ်းတာ
အနည်းငယ်နောက်ကျတယ်။ လမ်းမှာ လူအသွားအလာ
ရှင်းနေတယ်။ကောင်လေးက ဖြေးဖြေးချင်းပဲ ခြေလှမ်းလှမ်းနေတုန်းမှာ
ကားတစ်စီးက ရှင်း ရပ်နေတဲ့ နေရာရှေ့ တိတိကို
ထိုးရပ်တယ်။ ကောင်လေးရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားတယ်။ကားပေါ်က ဆင်းလာတဲ့ လူက ရှင်းနဲ့ စကားပြောနေတယ်။ ရှင်းကော အဲ့လူရော ပြုံးရယ် လို့။
" ကော .... "
ကောင်လေးက နှုတ်ခမ်းဖျားတွေလှုပ်ရုံလေး ခေါ်ပြီး နံရံ
အကွယ်မှာ ပြန်ဝင်လိုက်ရင်း လှည့်ကြည့်လာတဲ့ လူရဲ့
မြင်ကွင်းထဲ ပေါ်မသွားစေဖို့ ပုန်းနေလိုက်တယ်။တွေ့သွားလို့မှ.....မဖြစ်တာ။
" ကို...ဘာဖြစ်လို့လဲ "
ဘယ်သူမှမရှိတဲ့နေရာကို ကြည့်နေတာကြောင့် ရှင်းက
ရှောင်ကျန့်ကို မေးတော့ ပြုံးပြပြီး ခေါင်းခါပြတယ်။" သွားရအောင်လေ နောက်ကျနေပြီ "
မောင်းထွက်သွားတဲ့ ကား ခပ်ဝေးဝေး ရောက်သွားတော့မှ
နံရံအကွယ်က သူထွက်လာတယ်။ လက်ထဲက တုတ်ကို
ကျစ်ကျစ်ပါအောင် ကိုင်ရင်း လက်တွေက တုန်နေတယ်။....
ရေချိုးခန်းတစ်ခုထဲက ရိပေါ်က မျက်စိရှေ့က မှန်ကို
စိုက်ကြည့်နေတယ်။ ကိုယ်ပုံကိုယ်မြင်ရမယ့် အစား
ပြုံးရယ်နေတဲ့ လူနှစ်ယောက်ကို မြင်တယ်။" အား...."
အသံကုန်အော်လိုက်ရင်း သိပ်မကြာခင်က ချထားခဲ့တဲ့
ဘေ့စ်ဘောတုတ်နဲ့ မှန်ကို ရိုက်ခွဲတယ်။ ကျိုးပဲသွားတဲ့
မှန်အပိုင်းအစတွေက အောက်ဘက်က ကြွေဘေစင် ထဲ
ကျတယ်။ အစိတ်စိတ်အမွှာမွှာကြေမွသွားတဲ့ မှန်စတွေမှာ
ရိပေါ်ရဲ့ ပုံရိပ်တွေက ထင်နေတယ်။