ညသန်းခေါင်ချိန်ဖြစ်တာကြောင့် ဆိတ်ငြိမ်ရပ်ကွက်ရဲ့ လူရှင်းနေတဲ့ လမ်းထဲ ဝါကျင့်ကျင့်လမ်းမီးတိုင်တွေရဲ့ အလင်းရောင်သာ ရှိနေတယ်။
ဝါကျင့်ကျင့်မီးရောင်တွေအောက်မှာ အရိပ်တစ်ခုက ပုံမှန်လေးလှမ်းလာတယ်။ ဖြေးညှင်းစွာ လေချွန်ရင်း ခြံတစ်ခြံရှေ့ရောက်တော့ ရပ်တန့်သွားတယ်။
ခြံတံခါးကို ကျော်တတ်ရင်း ခြံဝန်းထဲရောက်တယ်။ အနီရောင်နှင်းဆီတွေပွင့်နေတဲ့ ပန်းအိုးတချို့ကို တွေ့တော့ မှောင်ရိပ်ထဲက နှုတ်ခမ်းတွေပြုံးတယ်။
အထဲကလော့ချ်ထားတဲ့ အိမ်တံခါးကြောင့် နားထင်ကို လက်ညိုးနဲ့ကုတ်ရင်း ခေါင်းခါတယ်။ သူက တံခါးကို ဖျက်ဖွင့်ပြီး ဝင်ဖို့ထက် အထဲက ဖွင့်လာအောင် လုပ်ဖို့တွေးတယ်။
အဆက်မပြတ်ဘဲလ်တီးသံတွေကြောင့် နောက်ဆုံးတော့
တံခါးက ပွင့်လာခဲ့တယ်။ဟက်ခ်.. အကြောက်အလန့်မရှိလိုက်တာ။
" ဘယ်သူ... "
အိမ်ထဲကထွက်လာတဲ့ ရှင်းက အသားရောင်ညဝတ်အိပ်ဖဲဂါဝန်ပေါ် ပဝါတစ်ထည်ခြုံပြီးထွက်လာတယ်။
စကားမဆုံးသေးခင်မှာပဲ အိမ်အတွင်းထဲကို အားပြင်းပြင်းနဲ့ အတွန်းခံလိုက်ရတော့ ရှင်းရဲ့ ခန္ဓာကိုယ်က အနောက်ကိုယိုင်သွားတယ်။
Mask တပ်ထားတာကြောင့် ဘယ်သူမှန်းသဲသဲကွဲကွဲ
မမြင်ရပေမယ့် ရှင်းက တုန်လှုပ်ခြောက်ခြားနေတယ်။အတင်းချုပ်လာတဲ့လက်တွေကို ရုန်းရင်း ရှင်းက ကောင်လေးမျက်နှာက Mask ကို ခွာချလိုက်တယ်။
" မင်း...မင်း ဟိုကျောင်းသား...ဝမ်..ဝမ်ရိပေါ်"
ရှင်းက ဆရာဝန်ပီပီဘဲ ဉာဏ်သိပ်ကောင်းတယ်။ တစ်ကြိမ်တစ်ခါ ခဏတာ တွေ့ခဲ့တဲ့ ရိပေါ် မျက်နှာကို မှတ်မိတယ်။
ရိပေါ်ချုပ်ထားရာကနေ ရှင်းက လွတ်အောင်ရုန်းရင်း
ရိပေါ် ဝတ်ထားတဲ့ ဟူဒီအောက်က ရှပ်အင်္ကျီ ကော်လံနားကို ဆွဲတယ်။ ကျောင်းက ပြန်ပြန်ချင်း ရှင်းရဲ့ Clinic နားစောင့်နေခဲ့ပြီး အိမ်ပြန်တဲ့ရှင်းရဲ့ ကားနောက် နောက်ယောင်ခံလိုက်ခဲ့တာကြောင့် ရိပေါ်က မနက်က
အဝတ်အစား ( ကျောင်းယူနီဖောင်းပေါ် အနက်ရောင်ဟူဒီထပ်ထား ) နဲ့ပဲဖြစ်နေတယ်။