Chapter 23 ( Unicode )

3.7K 491 19
                                    

မောဟိုက်သံတွေနဲ့အတူ အလျင်စလို ပြေးလာတဲ့ ခြေသံဟာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ နံရံတွေဆီက ရိုက်ခတ်လျက် ပဲ့တင်သံဟပ်နေတယ်။

နံနက်ခင်းဟာ သာယာနေပေမယ့် ရှောင်ကျန့်အတွက်တော့ မဟုတ်ခဲ့ဘူး။ ပြေးလွှားလှုပ်ရှားနေတဲ့ ခြေတံရှည်တွေဟာ အခန်းတစ်ခုထဲ ခပ်မြန်မြန်ဝင်သွားရင်း ရပ်တန့်တယ်။

အခန်းထဲ ရောက်ရောက်ချင်းမှာပဲ ရှောင်ကျန့်ရဲ့ မြင်လွှာတွေ အနည်းငယ် လှုပ်ရှားပြီးနောက် အခန်းထောင့်နားတစ်နေရာမှာ မတ်တပ်ရပ်ရင်း ခေါင်းကို ငိုက်စိုက်ချထားတဲ့ ရိပေါ်ကို တွေ့တယ်။

" ရိပေါ်..."

နှုတ်ဖျားဆီက ခပ်တိုးတိုးရေရွတ်လိုက်ရင်း မျက်နှာချင်းဆိုင် နေရာရဲ့ စားပွဲရှည်တစ်ခုမှာ ထိုင်နေကြတဲ့ ကျောင်းအြပ်ဆရာကြီးနဲ့ ကျောင်းရဲ့ ရာထူးကြီးဆရာ တချို့ထိုင်နေတဲ့ဆီ ကြည့်ရင်း သက်ပြင်းတိုးတိုးချတယ်။

ဘယ်ဘက်ရင်အုံက လှိုက်တတ်လာတဲ့ စိုးရိပ်ပူပန်မှုဟာ အခန်းထောင့်နားမှာ ရပ်နေတဲ့ ရိပေါ်ကြောင့် ဆိုတာကို ရှောင်ကျန့်မညာချင်။

ရိပေါ်က စာမေးပွဲမေးခွန်းကို ခိုးခဲ့ပါတယ်တဲ့။ဒါဟာ ဘယ်လိုမှမဖြစ်နိုင်တာလို့ ရှောင်ကျန့်ယုံကြည်နေခြင်းမှာ အကြောင်းပြချက်တော့မရှိ။

သူမလာခင်အချိန်ထိ ဒီကောင်လေးကို ဘယ်လိုစကားတွေနဲ့ ထိုးနှက်အပြစ်တင်ကြပြီးပြီလဲ။ ရှောင်ကျန့်ရင်တွေ တကယ်ပူနေမိတယ်။

" ဆရာရှောင်းက ဘာကိစ္စရှိလို့လဲ "

စားပွဲရဲ့ ညာဘက်မှာထိုင်နေတဲ့ ဆရာမ တစ်ယောက်က မေးလာတာကြောင့် ရှောင်ကျန့် သက်ပြင်းထပ်ချတယ်။

" ရိပေါ်လို စာတော်တဲ့ကျောင်းသားက မေးခွန်းခိုးတယ်ဆိုတာ ဖြစ်နိုင်လား ..."

" ဖြစ်နိုင်လို့ပဲ ဝမ်ရိပေါ်ဆီမှာ ဒီလအတွက် မေးခွန်းက ရောက်နေတာပေါ့ "

" သက်သေရှိလား "

တရိပ်ရိပ်တက်လာတဲ့ ဒေါသကို ထိန်းရင်း ရှောင်ကျန့်မေးတော့ ဆရာမက ခေါင်းငြိမ့်ပြတယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now