Chapter 04 ( Unicode )

6.6K 741 6
                                    

အများသုံးသန့်စင်ခန်းတစ်ခုရဲ့ မှန်တစ်ခုပေါ်မှာ ပုံရိပ်တစ်ခုရှိနေတယ်။ နှုတ်ခမ်းထောင့်မှာ သွေးတွေခြောက်နေပြီ
ဖြစ်တဲ့ ပေါက်ပြဲရာတစ်ခုနဲ့။

အဲ့ဒီဒဏ်ရာကို လက်ညိုးနဲ့ ခပ်ဖွဖွထိလိုက်ရင်း ပြုံးတယ်

တစ်ခါမှမခံစားခဲ့ရဖူးတဲ့ နွေးထွေးမှုလေးရဖို့ ဒီလောက်တော့ ရင်းရမှာပေါ့....။

ဆိုရိုးစကားတောင်ရှိတယ်လေ။ အနာခံမှ အသာစံရမယ်တဲ့။ အဲ့လိုပါဘဲ....။

လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီကို ကြည့်ရင်း
ချထားတဲ့ အနက်ရောင် Mask ကို ကောက်တတ်တယ်။

သိပ်အနံ့အသက်သိပ်မကောင်းတဲ့ အဲ့ဒီနေရာက ထွက်လာပြီး လမ်းအနည်းငယ် လျှောက်တော့ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ဂါဝန်ကားကားလေးကို ဝေ့၀ဲသွားတဲ့အထိ ခြေလှမ်းတွေနဲ့ လျှောက်လာတယ်။
အဲဒီတော့ ကောင်မလေးနောက်က ခပ်ဖြေးဖြေးလေး လိုက်ရုံပေါ့....။

သူ့အဲ့ဒီအတွက်ကြောင့် အကြာကြီးစောင့်နေခဲ့ရတာမလား။
စောင့်ရကျိုးနပ်ဖို့ လိုတယ်လေ။

သူလိုက်လာမှန်းသိလို့ ထင်တယ်....ကောင်မလေးက
အလန့်တကြား လှန့်ကြည့်လာတယ်။

Hoodie အင်္ကျီအိတ်ထဲက ဆေးထိုးအပ်ကို လည်ပင်နားအတင်းထိုးပေးတော့ ပျော့ခွေကျသွားတဲ့ အဲ့ဒီကောင်မလေး။

နွေးထွေးမှုတစ်စက်လေးမှမရှိတဲ့ အေးစက်စက် အခန်းရဲ့
သံခုတင်တစ်ခုပေါ်မှာ ခြေတွေ လက်တွေ ချုပ်ခံထား
ရရင်း နိုးထလာရတဲ့ ခံစားချက်ကြီးက ကောင်မလေးကို
အတော် ထိန့်လန့်စေတယ်ထင်တယ်။

ငယ်သံပါအောင် အော်ဟစ်လိုက်တော့ သူက သက်ပြင်း
တစ်ချက်ချပြီး အနားရောက်လာတယ်။ မျက်နှာပေါ်က
Mask ကိုတော့ မချွတ်ရသေး။

ဘေးစားပွဲပေါ်က အဖြုရောင် တိပ်အကြီး တစ်ခွေကို
ယူရင်း ကောင်မလေးရဲ့ ပါးစပ်ကို ကပ်ပိတ်လိုက်တယ်။

ဆူညံတဲ့ အသံတွေက သူ့ကို သိပ်နားငြီးစေတယ်။

ပြန်ချလိုက်တဲ့ တိပ်ခွေဘေးမှာ ကတ်ကြေးတစ်ချောင်းရယ်
ပန်းရောင် အပ်ချည်လုံးနဲ့ အပ်ကြီးကြီး တစ်ချောင်းရှိသေးတယ်။

Douleurs Rouges  [ Completed ]Wo Geschichten leben. Entdecke jetzt