2

12.5K 982 26
                                    

Zawgyi

"ဘယ်​လို ​မေ​မေ ကျွန်​​တော့်​ကို လက်​ထပ်​​ပေးမယ်
အဲတာကလည်း ကျွန်​​တော့်​ထက်​ငယ်​တဲ့​ကောင်​​လေးနဲ့!"

ပန်းသီးစိတ်​​တွေကို လှီးဖြတ်​ရင်း ​မေ​မေဟာပြုံး​နေသည်​။

"ကျွန်​​တော်​က​တော့ ပြဿနာမရှိပါဘူး ​မေ​မေ တဖက်​က​ကောင်​​လေးက​ရော.."

ပန်းသီးစိတ်​ကိုခက်​ရင်းနဲ့ထိုးရင်း ​မေ​မေကသူ့ကိုကမ်း​ပေးသည်​။
အစထဲက သူမငြင်းဘူးဆိုတာ ​မေ​မေသိ​နေပုံရ၏။ချစ်​သူရည်းစားလည်း မရှိတဲ့သူ့အတွက်​ ​မေ​မေစီစဉ်​တာကို ငြင်းပယ်​ရန်​မလိုအပ်​ပါ​ချေ။
အချစ်​ကိုမခံစားဖူးတဲ့သူက အိမ်​​ထောင်​​ရေးတစ်​ခုမှာ နားလည်​မှုကအဓိကဟူ၍သာခံယူထားသည်​။အ​နေနီးလို့သံ​ယောဇဉ်​​တွေ ခိုင်​မြဲလာသည်​နဲ့ အလိုလို ချစ်​ခြင်းတရား ​ရောက်​လာမည်​ဟူ၍လည်း ယံကြည်​ထားသည်​။
သို့​ပေမယ့်​ သူလက်​ထပ်​ရမယ့်​လူက ​​မိန်းက​လေးတစ်​​ယောက်​ပဲ ဖြစ်​မယ်​လို့ထင်​ခဲ့တာ။မေ​မေသူ့ကို ​ကောင်​​လေးတစ်​​ယောက်​နှင့်​ လက်​ထပ်​​ပေးမယ်​ဆိုတာ ​ယောင်၍ပင်​မ​တွေးဖူး​ချေ။

"မနက်​ဖြန်​ သားနဲ့သူနဲ့​တွေ့ရမယ်​ အဲ့​တော့မှ သူ့ကို ​မေးလိုက်​​ပေါ့ ​မေ​မေ့မှာ အတင်းအကြပ်​လုပ်​ဖို့စိတ်​ကူးမရှိဘူး သားတို့လက်​ခံမှ ဒီမင်္ဂလာပွဲကို လုပ်​မှာ.."

"ဟုတ်​ကဲ့ ကျွန်​​တော်​သိပါပြီ..ဒီကိစ္စကို ​ဖေ​ဖေက​ရော ဘာ​ပြောလဲ"

"သား​ဖေ​ဖေ့ အလုပ်​ပါတနာရဲ့သား​လေကွယ်​.."

သူ ​အော်​ တစ်​လုံးသာ ​ပြောနိုင်​​တော့သည်​။
လက်​ထပ်​ပွဲဟာ ခပ်​မြန်​မြန်​​ရောက်​လာလိမ့်​မယ်​လို့ မထင်​ခဲ့မိပါ။

"ကိုယ်​က ဂျွန်​​ဂျောင်​ဂုပါ..."

"ကျွန်​​တော်​က ကင်​ထယ်​​ယောင်းပါ အစ်​ကို.."

ကောင်​​လေးကအဖြူ​ရောင်​ ရှပ်​​လေးနဲ့ ဂျင်းပန်​ကို ခပ်​ရိုးရိုးသာဝတ်​ထားသည်​။ဝါသနာက​တော့ ဓာတ်​ပုံဆရာဟူ၍သိထား၏။
လက်​​တွေက ရှပ်​ဖြူဖြူထဲမှာ နစ်​မြှုပ်​လို့​နေသည်​မှာ လက်​ဖျား​လေး​တွေသာ မြင်​ရ၏။ကော်​ဖီခွက်​ပူပူကို လက်​နှစ်​ဖက်​နဲ့ အုပ်​ကိုင်​ကာ ​ထိုင်​​နေပြီး သူ့ကိုလည်းမကြည့်​​ချေ။အိမ်​​ထောင်​ဖက်​​တွေ့ရသည်​မို့ blind dateလုပ်​သူအများစုသာ လာကြတဲ့ဆိုင်​မှာ စီစဉ်​​ပေးထားကြတဲ့ အိမ်​ကလူ​တွေ​ကြောင့်​ ​နေရာအ​နေအထားက သူ့ကိုအ​နေခက်​​နေ​စေပုံရ၏။
ကောင်​​လေးတစ်​​ယောက်​က ထိုမျှနူးညံ့ပြီး လှပ​နေစရာလိုရဲ့လား​လေ။

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now