6

8.4K 865 27
                                    

Zawgyi

"မထိနဲ့!!..."

ခွမ်း!!!
ပြောမဆုံး​သေး ဖန်​ခွက်​က​လေးကပြုတ်​ကျကာ အစိတ်​စိတ်​အမွှာမွှာ။
ဟာ!ဆိုတဲ့ မချိတင်​ကဲသံနဲ့အတူ​ဂျောင်​ဂုလက်​ထဲက လပ်​​တော့အိတ်​ကို လွှင့်​ပစ်​ကာ ဖန်​ကွဲစ​တွေအနားသွားကာ နှ​မြောတသ​ကောက်​ယူမိသည်​။
ရှရာနဲ့အတူ​သွေးထွက်​​နေတာကိုလည်း သူသတိမမူမိ။ဒါ​လေးက ထယ်​နဲ့ဆင်​တူဝယ်​ထားတဲ့ခွက်​​လေး။တန်​ဖိုးနည်း​ပေမယ့်​ ထယ့်​ဘက်​က သူ့စိတ်​နဲ့သူလလိုလိုလားလား လက်​​ဆောင်​​ပေးထားတဲ့ တစ်​ခုတည်း​သော ဆင်​တူပစ္စည်း​လေးမို့ သူ့အတွက်​အရာအားလုံးထက်​ အဖိုးတန်​၏။

"မင်း..."

အော်​​ငေါက်​မှုကိုမပြုရ​သေးမှီမှာပင်​ တရားခံဖြစ်​သူက မျက်​ရည်​​တွေအိခနဲ။

"ငိုမ​နေစမ်းနဲ့ ကျက်​သ​ရေတုံးတယ်​.."

"သား ​ရေဆာလို့ အဟင့်​..အီး...."

"ဟန်​​ဆောင်း!...သား ဘာဖြစ်​လို့လဲ "

အော်​သံနှင့်​အတူ ထယ်​ဧည့်​ခန်းထဲ​ရောက်​လာသည်​။
ငို​နေတဲ့က​လေးကိုတလှည့်​ သူ့ကိုတလှည့်​ကြည့်​၏။
ဂျောင်​ဂု​ဒေါသထွက်​​နေတာမို့ မျက်​နှာတင်းထားမိသည်​။

"​မောင်​ ကျွန်​​တော့်သားကို ဘာလုပ်​လိုက်​တာလဲ ဘာဖြစ်​လို့သားကငို​နေ......"

ထယ့်​စကား​တွေက ကြမ်း​ပေါ်ကအကွဲစ​တွေကို မြင်​ပြီး​နောက်​ရပ်​တန့်​သွားသည်​။

"​တောင်းပန်​ပါတယ်​​မောင်​ ​မေ​မေတို့မအားလို့ ဟန်​​ဆောင်း​လေးကို​ခေါ်ထားတာ ​နောက်​​ဖေးမှာအလုပ်​များ​နေ​တော့ နို့တစ်​ခွက်​​ဖျော်​ပြီး ဧည့်​ခန်းမှာtvဖွင့်​ထား​ပေးတာ ​မောင့်​ခွက်​ဆိုတာကို သတိမရမိလိုက်​လို့ပါ..."

"ထယ်​...."

သူက​တော့အမြတ်​တနိုးရှိရ​ပေမယ့်​ ထယ်​က​တော့မှတ်​ပင်​မမှတ်​မိပါဘူးတဲ့။ဝမ်းနည်း​ပေမယ့်​ သူ့နှလုံးသားလည်းထုံသွားပုံပင်​။

"ရပါတယ်​ထယ်​ သူလည်းမသိလို့ပဲဟာ..."

ထယ်​စိတ်​ဆင်းရဲမှာကို မမြင်​ရက်​သူကသူဖြစ်​​နေလို့။
ထယ်​စိတ်​မချမ်းသာ​စေမယ့်​ စကား​တွေကိုသူဘယ်​လိုဆိုရက်​မှာလဲ။

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//حيث تعيش القصص. اكتشف الآن