5

8.6K 854 36
                                    

Zawgyi

"​မေ​မေကြီး မျက်​လုံးပြူးပြူးသွားကြီးကြီးနဲ့ဦးဦးက ဘယ်​သူလဲဟင်​ သားကိုမုန်း​နေတာလား..."

ဟန်​​ဆောင်းမျက်​နှာ​လေးကပြို​တော့မယ့်​မိုးလို။သူမဟန်​​ဆောင်း​လေးကို ​ကောက်​​ပွေ့လိုက်​သည်​။

"ဘာလို့လဲ ဟန်​​ဆောင်း​လေး ဦးဦးကိုမုန်းလို့လား.."

ဟန်​​ဆောင်းက​ခေါင်းကိုဖြည်းညင်းစွာခါပြသည်​။

"ဒါဆို ဦးဦးလည်း သားကိုမမုန်းပါဘူး ဘာလို့လဲသိလား ​မေတ္တာဆိုတာ အသွားအပြန်​ရှိတယ်​တဲ့"

နည်းနည်း​တော့အပင်​ပန်းခံပါ​မြေးရယ်​။အဖွားတို့ရဲ့အပြစ်​​တွေကို ဖွား​မြေး​လေးခံ​နေရတယ်​။
အမှားလုပ်​ခဲ့သူက သူမတို့ပဲဆို​ပေမယ့်​ အခု​တော့သူမသားနဲ့သူမ​မြေး​လေးက ထိုသက်​​ရောက်​မှုကို ခံစား​နေကြရသည်​။

"ဟန်​​ဆောင်း ဘာလို့စကားပြန်​မ​ပြောတာလဲ..."

"​မေ​မေ..ကြီး သား..အိပ်​ချင်​ တယ်​"

မျက်​ရည်​​လေး​တွေပါ​ဝေ့​နေပုံအရ ဟန်​​ဆောင်းဘယ်​​လောက်​အိပ်​ချင်​​နေပြီလဲသိသာသည်​။ဗိုက်​​သေး​သေး​လေးထဲက အသံ​တွေထွက်​​နေ​ပေမယ့်​ ​ဗိုက်​ဆာ​ကြောင်းတစ်​ခွန်းမဟတဲ့က​လေး​လေး။ဆာ​လောင်​​နေ​ပေမယ့်​ အိပ်​​နေဖို့ပဲ သူ​ရွေးချယ်​ခဲ့သည်​။
ဟန်​​ဆောင်း​လေး​​​ဟာ ဆာရင်​ဆာတယ်​မ​ပြောပဲ အဆာခံကာ​နေတတ်​သည်​။ဒီအရွယ်​က​လေး​တွေ ဗိုက်​ဆာရင်​ ဂျီကျကာငိုတတ်​​ပေမယ့်​ ဟန်​​ဆောင်းက​တော့ ထူးခြားစွာငြိမ်​ငြိမ်​​လေး​ခွေ​နေတတ်​သည်​။ဝမ်းဟာခြင်းက သူ့အတွက်​မထူးဆန်း​တော့သလို။

"ဟန်​​ဆောင်း ငါးအူ​ချောင်းစားမလား..."

အစားအ​သောက်​သံကြားတာနဲ့ အိပ်​ချင်​​နေပြီဆိုတဲ့ ​သေ​သေး​လေးရဲ့မျက်​လုံး​တွေက ​​တောက်​ပလာသည်​။

"တကယ်​​စားရမှာလား..."

"ဒါ​ပေါ့ ငါတို့ဟန်​​ဆောင်း​လေးကြိုက်​ရင်​ ​မေ​မေကြီးက အများကြီးဝယ်​​ကျွေးမှာ.."

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now