Zawgyi
ခြေထောက်လေးတွေပင် အံ့သေနေပြီ။
Notebookကိုင်ကာ မောင့်နောက်ပါးမှာသူရပ်နေရသည်။
Meeting roomတစ်ခုလုံးမှာ projectorကအလင်းမှိန်မှိန်လေးတစ်ခုသာ လင်းနေသည်။
ခေါင်မိုးထပ်မှာ အခုံးကြီးပါတဲ့ အဖြူရာင်အဆောက်အဦးတစ်ခုက projectorပေါ်မှာ နေရာယူထားသည်။"ဒါက ဂျယ်ဂျူမှာဆောက်ဖို့ရည်ရွယ်ထားတဲ့ resort ပုံကြမ်းပါ CEOလည်းသိတဲ့အတိုင်း ဂျယ်ဂျူဆိုတာက ပြည်တွင်းပြည်ပခရီးသွားတွေအားလုံး စိတ်ဝင်စားတဲ့နေရာတစ်ခုပါ အခု entirety goalက ဒီလိုresortတွေကို ဆောက်လုပ်မယ့်ပရောဂျက်မှာ Jeonအုပ်စုကို မြှုပ်နှံစေချင်တဲ့အကြောင်း ကမ်းလှမ်းလာပါတယ်"
"ရင်းနှီးမြှုပ်နှံရမယ့် ကုန်ကျစရိတ်ကရော ပြီးတော့ အပန်းဖြေ resortတွေက ဒီလိုဒီဇိုင်းမျိုးနှင့်လူတွေကို ဆွဲဆောင်နိုင်မှာတဲ့လား..."
"CEOဒါက လုံခြုံရေးအတွက် သေချာဒီဇိုင်းဆွဲထားတာပါ..."
ဂျောင်ဂု လက်တစ်ဖက်ကို မြှောက်ပြကာ တားလိုက်သည်။
သူထပ်ပြီးနားမထောင်လိုတော့။
သူရင်းနှီးမြှုပ်နှံချင်တဲ့ပုံကို သေချာပြောပြခဲ့ပေမယ့် နားဝင်ခဲ့ပုံမရ။
အကျိုးရှိမယ့် နေရာတစ်ခုမှာ မြှုပ်နှံချင်တယ်ဆိုတာက အမြတ်အစွန်းတစ်ခုတည်းအတွက်မဟုတ်ချေ။ထယ်ယောင်းလည်း သဘောမကျမိပေမယ့် ၀င်ပြောပိုင်ခွင့်မရှိသူမို့ နောက်ကသာ အသာလိုက်မှတ်နေလိုက်သည်။
"အတွင်းရေးမှူးဂျွန်ရောဘယ်လိုထင်လဲ.."
"အမ် ကျွန်တော်.. "
လူကြားသူကြားထဲ ဂျွန်မျိုးရိုးတပ်ခေါ်ခံရသည့်အပြင် မေးထောက်ကာ မေးလာတဲ့မောင့်ကြောင့် ထယ်ယောင်းအနည်းငယ် ဆွံ့အမိသွားသည်။
ပြီးတော့ သူ့မှာဘယ်လိုလုပ်ပါဆိုပြီး ဆုံးဖြတ်ပေးဖို့ရာ သတ္တိမရှိ။
သူ့ကိုကြည့်နေတဲ့မောင့်မျက်လုံးတွေက အမှောင်ထဲမှာပင် စူးရှနေခဲ့သလို ပရောဂျက်ကိုတင်ပြပေးခဲ့တဲ့လူကြီးဆီကလည်း ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
YOU ARE READING
𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
Fanfictionဤချစ်ခြင်းမှာ မာနတရားတို့လည်းမရှိခဲ့ပါဘူး ဤချစ်ခြင်းအားဖြင့် ချစ်မေတ္တာမြဲစေ 𝙱𝚃𝚂 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ♡ 𝙺𝚒𝚖 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 𝙼𝚊𝚛𝚛𝚒𝚎𝚍 𝚕𝚒𝚏𝚎 𝙲𝚘𝚟𝚎𝚛 𝚋𝚢 𝙰𝚖𝚢 (𝚂𝚝𝚊𝚛𝚝 𝚍𝚊𝚝𝚎- 𝙰𝚙𝚛...