11

8.3K 828 25
                                    

Zawgyi

"ဂျွန်​CEO ရဲ့လက်​ရှိအချစ်​​ရေးကို​ဖြေ​ပေးလို့ရမလား.."

MCရဲ့စကားကို အသံထွက်​​အောင်​ရီသည့်​​ဂျောင်​ဂု။

"ကျွန်​​တော့်​အတွက်​ အချစ်​ဆိုတာ ​ရောက်​မလာ​သေးဘူးထင်​ပါရဲ့"

သူ့ရဲ့မ​ရေမရာအ​ဖြေစကားကို MCဖြစ်​သူက ​ကြောင်​အမ်းအမ်းဖြင့်​ တုန့်​ပြန်​သည်​။

"CEOကအဲလို​ပြော​တော့ ဒယ်​ဟန်​မင်းဂုက မိန်းက​လေး​တွေအကုန်​ ၀မ်းနည်းကြ​တော့မှာပဲ..."

လက်​ထပ်​ပြီးသားဟူ၍ သတင်းသဲ့သဲ့ထွက်​သည့်​သူ့ကို ထို​မေးခွန်းမ​မေးခဲ့တာပဲ ​ကျေးဇူးတင်​မိပါသည်​။
ဒီသုံးနှစ်​အတွင်းမှာ ​ဖေ​ဖေကသူ့ကို Jeonအုပ်​စုရဲ့တရားဝင်​ဆက်​ခံသူအဖြစ် ထုတ်​ပြခဲ့သည်​။
လွန်​ခဲ့တဲ့တစ်​ပတ်​ကပင်​ မန်​​နေဂျင်းအဖြစ်​မှ Chairman အဖြစ်​သူဆက်​ခံခဲ့သည်​။
ဒါပြီးတဲ့​နောက်​မှာ​တော့ အင်​တာဗျူး​တွေဆက်​တိုက်​ လက်​ခံရပြီး ​ဂျောင်​ဂုလည်း ​ခြေကုန်​လက်​ပန်းကျ​နေခဲ့ပြီ။

နက်​ခ်​တိုင်​ကို ခပ်​​လျော့​လျော့​ဖြေ​လျော့ကာ ဆိုဖာ​ပေါ် တစ်​ကိုယ်​လုံးပစ်​လှဲကာ ​ခေါင်းလှန်​ရင်းမှိန်း​နေတဲ့အချိန်​ တံခါး​ခေါက်​သံသဲ့သဲ့။

"၀င်​ခဲ့ပါ...."

"သား..."

အခန်းထဲဝင်​လာသူက ​မေ​မေ။

"သားပင်​ပန်း​နေမယ်​ထင်​လို့ အ​မေကိုယ်​တိုင်​ သားအတွက်​ ဟင်း​တွေ​သေချာချက်​လာတယ်​.."

"အပင်​ပန်းမခံပါနဲ့​မေ​မေရာ..."

လက်​ထဲကိုတူထည့်​​ပေးလာတဲ့ ​မေ​မေ့​ကြောင့်​ ​ဂျောင်​ဂုမငြင်းသာပဲ ထမင်းစားဖို့ရာ ပြင်​ရ​တော့သည်​။

"သား ​မေ​မေ့သူငယ်​ချင်းရဲ့သမီး​လေး သူကဖက်​ရှင်​​လောကမှာနာမည်​ကြီးဒီဇိုင်​နာတဲ့ လိမ္မာ​ရေးခြားလည်းရှိတယ်​ လှလည်းလှတယ်​.."

"​တော်​ပါပြီ​မေ​မေရာ ကျွန်​​တော့်​မှာ အိမ်​​ထောင်​ဖက်​​တွေ့​နေဖို့ အချိန်​​တွေမရှိဘူး..."

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now